



ပရိတ်သတ်တွေရဲ့အချစ်တော် အဆိုတော်မင်းသားချောစိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင် အမိုက်စားသီချင်းကောင်းတွေကို ဖန်တီးသီဆိုဖျော်ဖြေတတ်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။စိုင်းစိုင်းကတော့ အဆိုပိုင်းမှာတင်ထူးချွန်ရုံတင်မကပဲ သရုပ်ဆောင်ပိုင်းမှာပါလည်း ထူးချွန်သူတစ်ယောက်ပဲဖြစ်ပါတယ်နော်..။

မိန်းကလေးပရိတ်သတ်များစွာကိုပိုင်ဆိုင်ထားတဲ့ စိုင်းစိုင်းဟာဆိုရင် မရိုးနိုင်တဲ့အချစ်သီချင်းလေးတွေနဲ့ ပရိတ်သတ်ရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။စိုင်းစိုင်းက အခုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေး အခြေအနေနဲ့ပက်သက်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့တာဖြစ်ပြီး လိုအပ်တဲ့ပစ္စည်းတွေအပြင်အစားအယောက်များကိုလည်းတတ်နိုင်သလောက်ပါဝင်ကူညီလှူဒါန်းနေတာကိုလည်းလေးစားစွာမြင်တွေ့ရပါတယ်။

အခုတစ်ခါမှာဆိုရင်လည်း စိုင်းစိုင်းက ကျဆုံသွားတဲ့ အာဇာနည်သူရဲကောင်းတွေနဲ့ပက်သက်ပြီး အရမ်းဝမ်းနည်းကြေကွဲရကြောင်း အခုလိုပဲပြောပြလာခဲ့ပါတယ်..။စိုင်းစိုင်းက ” ကျဆုံးခဲ့ရတဲ့သူတွေအားလုံးအတွက် အရမ်းဝမ်းနည်းခံစားရတယ် ၊ ဘယ်လိုမှယူကြုံးမရဘူး တသက်လုံးမကြေဘူး ၊ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေပါဗျာ လက်နက်အားကိုးနဲ့မတရားအနိုင်ကျင့်သတ်ဖြတ်နေတာတွေချက်ချင်းရပ်ပါတော့ ၊ အာဏာရှင်စနစ် မုချကျဆုံးပါစေ၊ ပြည်သူတွေ နိုင်ရမည် အရေးတော်ပုံအောင်ရမည်…” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ်နော်…။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်…။

Source ; Sai Sai Kham Leng’s Facebook Account