ျမန္မာနိုင္ငံက ဆႏၵေဖာ္ထုတ္ပြဲႀကီးဟာ အင္အားေကာင္းလာသလို အပစ္အခက္ေတြၾကားထဲမွာ လူငယ္ေတြဟာ ရဲရဲဝင့္ဝင့္ ေနာက္မဆုတ္ဘဲ ျပန္လည္ခုခံရင္း ဆႏၵထုတ္ေဖာ္လ်က္ရွိသလို ျပည္သူအခ်င္းခ်င္းကလည္း လိုအပ္တာေတြ ကူညီအားျဖည့္လ်က္ရွိတာေတြ႕ရပါတယ္။တိုက္ပြဲဝင္ရင္းေႂကြလြင့္ခဲ့ရသူေတြလည္း တစ္ဆတစ္ဆမ်ားလာခဲ့တာလည္း စိတ္မေကာင္းစြာေတြ႕ျမင္ရပါတယ္။

ေႂကြလြင့္သြားတဲ့ သူရဲေကာင္းေတြကိုလည္း ျပည္သူလူထုအပါအဝင္ အႏုပညာရွင္မ်ားစြာကလည္း က်န္ရစ္သူမိသားစုေတြထံကို ကိုယ္တိုင္သြားေရာက္ကာ ႏွစ္သိမ့္ေပးေနၾကသလို တတ္နိုင္သေလာက္ကူညီမႈေတြျပဳေနၾကတာလည္းျဖစ္ပါတယ္။အခုလည္း ေဘဘီေမာင္တစ္ေယာက္ အသိမိတ္ေဆြေတြနဲ႔စုေပါင္းၿပီး ေတာ္လွန္ေရးမွာ မ်က္လုံးဒဏ္ရာရရွိထားတဲ့ သူရဲေကာင္း မင္းသူရေနအိမ္သို႔သြားေရာက္ကာ ေငြက်ပ္(၆၅၀၀၀၀) ကိုကိုယ္တိုင္သြားေရာက္လႉဒါန္းခဲ့ျပန္ပါတယ္။

အလႉပုံေလးေတြနဲ႔အတူ ” ဆုံးသြားတဲ့ေမာင္ေလးဖိုးခ်စ္ကိုဝင္ဆြဲရင္းမ်က္လုံးတစ္ဖက္ကၽြတ္ပီး တစ္လုံးဒဏ္ရာခဲ့တဲ့ ေမာင္ေလးမင္းသူရ ေနအိမ္သို႔ ေစတနာရွင္မ်ားလႉဒါန္းထားေသာေငြ ၅သိန္း၉ေသာင္းႏွင့္ က်မေဘဘီေမာင္မွလႉဒါန္းေသာေငြ၆ေသာင္း စုစုေပါင္းေငြ ၆၅၀၀၀၀ ကို ေမာင္ေလးမင္းသူရ မိသားစုထံ အေမ ဆီသို႔ကိုယ္တိုင္ကိုယ္က်သြားေရာက္လႉေပးခဲ့ပါတယ္ရွင့္ ေဘဘီနဲ႔အတူပါဝင္လႉေပးၾကတဲ့ေစတနာရွင္မ်ားကိုလည္းအထူးပင္ေက်းဇူးတင္ရွိပါသည္ ေမာင္ေလးမင္းသူရရဲ့ကုသမူ႔ခံယူေနရေသာမ်က္လုံးတစ္ဖက္ကိုလည္းအျမန္ဆုံးသက္သာေပ်ာက္ကင္းပါေစလို႔ဆုေတာင္းေပးပါအုံးေနာ္”ဆိုတဲ့စာေလးကိုေဝမၽွထားရာပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Baby Maung

မြန်မာနိုင်ငံက ဆန္ဒဖော်ထုတ်ပွဲကြီးဟာ အင်အားကောင်းလာသလို အပစ်အခက်တွေကြားထဲမှာ လူငယ်တွေဟာ ရဲရဲဝင့်ဝင့် နောက်မဆုတ်ဘဲ ပြန်လည်ခုခံရင်း ဆန္ဒထုတ်ဖော်လျက်ရှိသလို ပြည်သူအချင်းချင်းကလည်း လိုအပ်တာတွေ ကူညီအားဖြည့်လျက်ရှိတာတွေ့ရပါတယ်။တိုက်ပွဲဝင်ရင်းကြွေလွင့်ခဲ့ရသူတွေလည်း တစ်ဆတစ်ဆများလာခဲ့တာလည်း စိတ်မကောင်းစွာတွေ့မြင်ရပါတယ်။

ကြွေလွင့်သွားတဲ့ သူရဲကောင်းတွေကိုလည်း ပြည်သူလူထုအပါအဝင် အနုပညာရှင်များစွာကလည်း ကျန်ရစ်သူမိသားစုတွေထံကို ကိုယ်တိုင်သွားရောက်ကာ နှစ်သိမ့်ပေးနေကြသလို တတ်နိုင်သလောက်ကူညီမှုတွေပြုနေကြတာလည်းဖြစ်ပါတယ်။အခုလည်း ဘေဘီမောင်တစ်ယောက် အသိမိတ်ဆွေတွေနဲ့စုပေါင်းပြီး တော်လှန်ရေးမှာ မျက်လုံးဒဏ်ရာရရှိထားတဲ့ သူရဲကောင်း မင်းသူရနေအိမ်သို့သွားရောက်ကာ ငွေကျပ်(၆၅၀၀၀၀) ကိုကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပြန်ပါတယ်။

အလှူပုံလေးတွေနဲ့အတူ ” ဆုံးသွားတဲ့မောင်လေးဖိုးချစ်ကိုဝင်ဆွဲရင်းမျက်လုံးတစ်ဖက်ကျွတ်ပီး တစ်လုံးဒဏ်ရာခဲ့တဲ့ မောင်လေးမင်းသူရ နေအိမ်သို့ စေတနာရှင်များလှူဒါန်းထားသောငွေ ၅သိန်း၉သောင်းနှင့် ကျမဘေဘီမောင်မှလှူဒါန်းသောငွေ၆သောင်း စုစုပေါင်းငွေ ၆၅၀၀၀၀ ကို မောင်လေးမင်းသူရ မိသားစုထံ အမေ ဆီသို့ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူပေးခဲ့ပါတယ်ရှင့် ဘေဘီနဲ့အတူပါဝင်လှူပေးကြတဲ့စေတနာရှင်များကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါသည် မောင်လေးမင်းသူရရဲ့ကုသမူ့ခံယူနေရသောမျက်လုံးတစ်ဖက်ကိုလည်းအမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ဆုတောင်းပေးပါအုံးနော်”ဆိုတဲ့စာလေးကိုဝေမျှထားရာပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Baby Maung