Crd…..
အဆိုတော် GFatt ကတော့ လူထု လှုပ်ရှားမှုတွေမှာ ပြည်သူတွေ နဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီတစ်လလုံးလုံး နားရက်မရှိလောက်အောင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေပြီး လမ်းပေါ်ထွက်နေကြတဲ့ ပြည်သူတွေအတွက်လည်း စိတ်ဓာတ်ခွန် အား အပြည့်အဝပေးတဲ့ သီချင်းတွေ သီဆိုဖျော်ဖြေပေးနေတာလည်း ဖြစ်ပါတယ်။
တော်လှန်ရေးအတွင်း မမျှော်လင့်ဘဲ ကြွေလွင့်သွားခဲ့ကြရတဲ့ သူရဲကောင်းတွေအတွက်လည်း ဝမ်းနည်းနေပြီး သူတို့အတွက် ရည်စူးကာ ဆုတောင်းပွဲတွေလည်း လုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း GFatt ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ သူ့ရဲ့အတွေးလေးတွေကို ပရိသတ်တွေအား ပြောပြလာတာပဲ ဖြစ်ပါတယ်။ သူဟာ အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေအတွက် သေချာစဉ်းစားပြီး တော်လှန်ကြရမည်ဖြစ်ကြောင်းကိုလည်း ” သားကြီးတို့ရေ ၈၈ က စောက်ချိုးတွေ ၂၁ မှာ လာမချိုးနဲ့လို့ ငါတို့အတူတူတို့ အော်ခဲ့တာပြန် သတိရပေးပါကွာ ဒီပွဲနိုင်မှဖြစ်မယ်။
အသက်ပေးသွားတဲ့သူရဲကောင်းတွေအတွက်ငါတို့သေချာစဉ်းစား တော်လှန်ကြမယ်ငါတို့လည်း စိတ်ခံစားချက်တွေ အပြင်းထန်ဆုံးပေါ့ကွာ သွေးမကွဲကြေး ဖြစ်သင့်တာ ဝိုင်းစဉ်းစားရေး တစ်ယောက်နဲ့တစ်ယောက် အမြင်တွေသေချာဖလှယ် ရေး နော် …ငါလ ည်း မင်းတို့ နဲ့ တစ် သား တ ည်းခံပြင်းပြီး ဖြစ်သင့်တာတွေ ချင့်ချိန်နေရတယ် အရေးတော်ပုံအောင်ကိုအောင်ရမယ် ဟေ့ ” ဆိုပြီးရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ အားလုံးလည်း ဒီကာလမှာ ဂရုတစိုက်နဲ့နေထိုင်ကြပါလို့လည်း တိုက်တွန်းပြောကြားလိုက်ပါရစေနော်။
Source and Photo Crd- G Fatt’s Facebook Account
Crd…..