ပရိတ်သတ်ကြီးရေ….သရုပ်ဆောင် မင်းမော်ကွန်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ် ရှားမှုများတွင် ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အခုလိုပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း လူမှုကွန်ယက်များမှ တစ်ဆင့် တတ်နိုင်သလောက် speak out လုပ်ပေးနေတာ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ မင်းမော်ကွန်းရဲ့ အားကြိုးမာန်တက် ပါဝင်ဆောင်ရွက် ခဲ့တာကို လေးစားအားကျနေကြတာ ဖြစ်ပါတယ်။ တိကျတဲ့ သတင်းအချက်များကိုလည်း အားလုံးကို ပြန်လည်ဝေမျှပေးလေ့ရှိရာ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ကိုဗစ်နဲ့ပတ်သက်ပြီး သတိပေး စကားပြောကြားလာတာ ဖြစ်ပါတယ်။ သူကတော့ လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသကဲ့သို့ ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ ကိုဗစ်တတိယလှိုင်းကို ဂရုစိုက် သင့်ကြောင်းကို

” တော်လှန်သင့်တာ တော်လှန်သလို ကာကွယ်သင့်တာကိုကာကွယ်ကြမယ် မတရားမှုကို ဆက်လက်တော်လှန်ဖို့ ကျန်းမာရေးကောင်းမွန် နေဖို့ကလည်းအရေးကြီးတဲ့အချက်ဆိုတာ မမေ့စေချင်ပါ။ ကျွန်တော်တို့အာဏာရှင်ကိုတော်လှန်ပြီး သူတို့ထိုးပေးတဲ့ကာကွယ်ဆေးတွေကို မထိုးပဲနေခဲ့ကြတယ်ဒီအထိကအိုကေပါတယ် ။ကျွန်တော်တို့မိသားစုအားလုံးလည်း မထိုးပါ ထိုးလည်း ဆေးကိုသိုလှောင်သိမ်းဆည်းပုံ မမှန်ကန်တဲ့အတွက်ဘယ်လိုဆိုးကြိုးတွေရလာမလဲမသိနိုင်ပါ။

ဒါပေမယ့်အရှိန်အဟုန် ပြင်းပြင်းနဲ့ ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ တတိယလှိုင်းကိုတော့ဂရုမစိုက်လို့မရပါဘူး ။ ဒါဟာနိုင်ငံ့အရေး တိုင်းပြည်အရေးသာမကဘဲလူသားမျိုးနွယ်အားလုံးရဲ့ အသက်ရှင်ကျန်းမာရေးဖြစ်လို့ အရေးကြီးပါတယ်ခင်ဗျာတော်လှန်ရေးကပိုအရေးကြီးတယ်။ ကိုဗစ်ကိုဂရုစိုက်စရာ မလိုဘူးလို့မတွေးစေချင်ပါဘူး။ နှစ်ခုစလုံးကအရေးကြီးပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ပထမလှိုင်းနဲ့ဒုတိယလှိုင်းကိုအောင်မြင်စွာကျော်ဖြတ်နိုင်တာ ဘယ်သူတွေရဲ့ကျေးဇူးကြောင့်လည်း လူတိုင်းသိမှာပါ။

အခုတတိယလှိုင်းကိုရင်ဆိုင်ဖို့ အရင်တုန်းကလိုမျိုးပံ့ပိုးမှုတွေမရနိုင်ပါ။ ပြည့်ဝတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ လူတန်းစားမခွဲခြားတဲ့ကို ဗစ်စင်တာတွေ
ဆေးကုသစရိတ်အကုန်အကျခံပေးမယ့်အစိုးရ ဒါတွေမပါဘဲ ရင်ဆိုင်ကြရမှာပါ။အဲ့ဒီတော့ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ဖို့လိုပါတယ်။ ကျန်းမာမှလုပ်ချင်တာကိုလုပ်လို့ရမယ်။ တော်လှန်ရေးမပြီးသေးတဲ့အတွက် ကျန်းမာရေးကောင်းနေဖို့ပိုလိုအပ်ပါတယ်။ကျန်းမာရေးအသိ ကျန်းမာရေးသတိနဲ့ ကာကွယ်ကြပါလို့လေးလေးနက်နက် အသိပေးချင်ပါတယ်။တော်လှန်သင့်တာကိုတော်လှန်နိင်ဖို့ ကာကွယ်သင့်တာကို ကာကွယ်ကြပါစို့။ ကျန်းမာဘေးကင်းကြပါစေ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေ သတိပြုကာကွယ်နိုင်ဖို့ ဒီသတင်းကိုတစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account
Credit…..