


Credit…..

မင်္ဂလာပါ ပရိတ်သတ်ကြီး တို့ရေ အဆိုတော် မလေး ရေဗက္ကာဝင်း ကတော့ ပြည်သူတွေ အတွက် လိုအပ်မဲ့ အလှူ ဒါနလေး တစ်ခု ပြုလုပ်ခဲ့ ပြန်ပါပြီ။ရေဗက္ကာဝင်းဟာ အနုပညာ လောကထဲမှာ သူမရဲ့ အသံချိုချို လေးနဲ့ သီဆိုဟန် ကောင်းမှု လေးတွေ ကြောင့်ပရိတ်သတ် တွေရဲ့ အားပေး မှုကို ယနေ့ ထက်တိုင် အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။

ရေဗက္ကာဝင်းဟာ အခု လက်ရှိ ဖြစ်ပေါ် နေတဲ့ မြန်မာနိုင်ငံ ရေး အ‌ခြေအနေ တွေမှာလဲ ပြည်သူတွေ နဲ့ အတူ တစ်သားတည်း ရပ်တည် ထားပြီး ပြည်သူတွေ အတွက် လိုအပ်မဲ့ အရာလေး တွေ လိုက်လံ လှူဒါန်းပေး လေ့ ရှိပါတယ်။

လိုအပ်နေတဲ့ ပြည်သူတွေ အတွက် အစား အစာ လေးတွေကိုလဲ သူငယ်ချင်းတွေ နဲ့ အတူ ကိုယ်တိုင် ချက်ပြုတ် ကာ လှူဒါန်း လေ့ ရှိပြီး ဒီကနေ့ မှာလဲ ကုသိုလ်ဖြစ် ‌ကြာဇံကြော် ပွဲ၁၀၀ ကို သူမ ကိုယ်တိုင်ကြော် ကာ လှူဒါန်း ခဲ့ပါသေး တယ်။အလှူအတန်းရက်ရောလွန်းတဲ့ ရေဗက္ကာဝင်းရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်….။

Credit…..