


Credit – Cele Zone
Photo – Zay Ye Htet

ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ အားလုံးရဲ့အသိအမှတ်ပြုချစ်ခင်အားပေးခြင်းခံနေရတဲ့ နှုတ်ခမ်းနီမလေးတွေရဲအသည်းကျော်ဇေရဲထက်ကို ပရိသတ်ကြီးလည်းသိပြီးသားပါနော်။ သူဟာ အချစ် အမုန်း အလွမ်း ဘယ်လိုဇာတ်ရုပ်ပဲလာလာပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ လူငယ် အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဗီဒီယိုဇာတ်ကားအများအပြားကို ရိုက်ကူးအောင်မြင်ခဲ့တဲ့မင်းသားတစ်ယောက်လည်းဖြစ်ပြီးတော့ လက်ရှိမှာလည်း ကြော်ငြာတွေ ဖျော်ဖြေရေးတွေနဲ့ မအားမလပ်ရအောင် ရိုက်ကူးနေရတာလည်းဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်ပြီးတော့ ယောက်ျားပီသတဲ့ ခန္ဓာကိုယ်နဲ့တည်ကြည်တဲ့ မျက်နှာပိုင်ရှင်လည်းဖြစ်တဲ့အတွက် မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်လေးဆိုလည်း မမှားပါဘူးနော်။

သူရဲ့လှုပ်ရှားမှုအရာလေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ အခုမှာတော့ သူအား ထောက်ပံ့စာယူတယ်လို့ ပြောဆိုစွတ်စွဲသူတွေရှိနေတာကြောင့် ခုလိုပြတ်ပြတ်သားသားပြောကာ သူရဲ့ဖေ့ဘွတ်စာမျက်နှာလေးမှာပြန်လည်ဖြေရှင်းခဲ့တာတွေ့ရပါတယ်။ “ကျနော် ဇေရဲထက် ထောက်ပံ့စာ ယူခဲ့ဖူးသူရှိသူများ တတ်လာခဲ့ပါခင်မျာ အခုအရွယ်ထိ တစိမ်းမပြောနဲ့မိဘဆီကတောင်ထောက်ပံ့စာမယူဘူး ” ဆိုတဲ့စာလေးကိုရေးသားဖြေရှင်းခဲ့ရာ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Zay Ye Htet