


Source: Bhone Hlyan ‘s fb

သရုပ်ဆောင် ဘုန်းလျှံကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အရေးပါတဲ့ ဇာတ်ကော င်နေရာမှာ သရုပ်ဆောင်ရင်း မိန်းကလေးပရိ သတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘုန်းလျှံက သူ့ရဲ့အမှားတစ်ခုကြောင့် အနုပညာလောကနေ (၈)နှစ်ကြာလောက် အနားယူခဲ့ရပြီး အခု (၂၀၂၀) ခုနှစ်ကနေစပြီး အနုပညာအလုပ်တွေကို အရင်အတိုင်း ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားနေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာတော့ ဘုန်းလျှံက သူ့ရဲ့ ကိုယ်ပိုင်စားသောက်ကုန် လုပ်ငန်းကိုလည်း တစ်နိုင်တစ်ပိုင်လေး လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လအတွင်းကပဲ ငယ်ငယ်ကအချစ်ဦးနဲ့ လက်ထပ်ခဲ့ပြီဖြစ်တဲ့ ဘုန်းလျှံက အခုဆိုရင် သူ့ရဲ့ ကြင်စဦးအိမ်ထောင်သည်ဘဝကို ဖြတ်သန်းနေတယ်လို့ ဆိုနိုင်ပါတယ်။ အိမ်ထောင်ရှ င်ဖြစ်သွားပေမယ့်လည်း ရင်ခုန်သံတွေ လတ်ဆတ်နေဆဲဖြစ်တဲ့ ဘုန်းလျှံက ဒီကနေ့မှာတော့ ဇနီးသည်ရင်ခုန်ရအောင် ချစ်စကားတွေ ဆိုလာခဲ့တာကို တွေ့ရပါတယ်။ ဘုန်းလျှံက “အချစ်ကို.ချစ်နေရုံသတ်သတ် မဟုတ်ပဲ.မေတ္တာတရားနဲ့ပေါင်းဖတ်လိုက်မှပြီးပြည့်စုံသွားတာ..အဲဒါအချစ်ပဲ😘😘😘” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ဘုန်းလျှံကတော့ အိမ်ထောင်ကျပြီးသွာ းတဲ့နောက်မှာ အချစ်အကြောင်းကို ပိုသိလာခဲ့ပြီ ထင်ပါတယ်။ ဘုန်းလျှံတစ်ယောက် ချစ်ရသူလေးနဲ့ သက်ဆုံးတိုင် ထာဝရပျော်ရွှင်စွာ လက်တွဲနိုင်ပါစေလို့ ဆုတောာင်းပေးလိုက် ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Bhone Hlyan ‘s fb
Bilie – Cele Connections