ပရိတ်သတ်ကြီးရေ…မော်ဒယ်စူးရှထက်ဟာဆိုရင် အလှူရေစက်လက်နဲ့မကွာဆိုသလို ကုသိုလ်ရေးမှာ ရှေ့ဆုံးကနေဦးဆောင်လှူဒါန်းနေသူတစ်ဦးဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး လူတိုင်းအပေါ်လည်း ကူညီချင်စိတ်ရှိသူ ဖြစ်တာကြောင့်ပရိသတ်တွေကချစ်ခင်အားပေးနေကြတာလည်း ဖြစ်ပါတယ်။ စူးရှထက်ဟာဆိုရင် သူကိုယ်တိုင်ပင်ပန်းဆင်းရဲပြီး မပြည့်စုံတဲ့ဘဝကနေ တက်လာခဲ့တဲ့သူတစ်ယောက်ဖြစ်တာမို့အောက်ခြေလူတန်းစားတွေရဲ့ဘဝကို ကိုယ်ချင်းစာပြီး ကူညီပေးနေတာပဲဖြစ်ပါတယ်နော်..။
သူမဟာဆိုရင် လက်တစ်လောဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် သူမရဲ့စီပွားရေးလုပ်ငန်းတွေရပ်တန့်ထားရပေမယ့်လည်းသူမတတ်နိုင်သလောက်သလောက် အဆင်ပြေအောင်လှူဒါန်းပေးခဲ့တာကိုလည်း ဝမ်းမြောက်စွာတွေ့မြင်ရပါတယ်နော်။အလုပ်တွေကြိုးစားလွန်းပြီး အအိပ်အစားမမှန်တာကြောင့်ရောဂါတစ်ခုကိုခံစားနေရတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာဆိုရင်လည်း သူမရဲ့ကျန်းမာရေးအခြေအနေတော်တော်လေးမကောင်းတာကြောင့် ဟန်မပျက်နေရပေမယ့်လည်း သူမကို တွေ့တဲ့သူတွေက သူမကိုမျက်နှာကြောတင်းတယ်လို့အထင်အမြင်လွဲသွားမှာစိုးရိမ်တဲ့စိတ်နဲ့အခုလိုပဲရှင်းပြလာတာပဲဖြစ်ပါတယ်နော်။
စူးရှထက်က “အစာအိမ်ဖြစ်နေတာ ၃ရက်၄ရက်ရှိပြီကိုယ့်ကိုတွေ့ရင် မျက်နှာကျောတင်းတယ်လို့မထင်စေချင်ဘူးဘယ်လိုမှနေလို့မကောင်း အစားမစားနိုင်တာ ၃ရက်၄ရက်နားထဲက လတွေပါထွက်တယ် မူးပြီးဘာမှမမြင်ရတကယ်ဟန်မပျက်နေနေပေမယ့် ဘယ်လိုမှမသက်သာလို့မပြုံးနိုင်လို့ပါ 🙏🙏🙏” ဆိုပြီးသူမခံစားနေရတဲ့ဝေဒနာကိုပြောပြာလာပြီး ပရိတ်သတ်အထင်မလွဲအောင်ရှင်းပြလာတာပဲဖြစ်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်..။
Source ; Zar Chi Facebook Acc
Credit ; Celebrity Platforms