နိုင်ငံတော် ဟာသသရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ တစ်ယောက်လည်းဖြစ်တဲ့ ဗေလုဝကတော့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် နှစ်မှာ ဦးနှောက်သွေးကြောပေါက် ဝေဒနာကြောင့် အလုပ်တွေအားလုံးကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။ ဗေလုဝကတော့ (၂၀၂၀) ခုနှစ်အတွင်းမှာ ဆေးရုံဆေးခန်းကို မကြာခဏဆိုသလို ရောက်ခဲ့ရပြီး အရေးပေါ် ဆေးကုသမှုတွေလည်း ခံယူခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဗေလုဝတစ်ယောက် နေကောင်းကျန်းမာပြီး အရင်လို အနုပညာအလုပ်တွေ လုပ်ကိုင်နိုင်ဖို့ မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ (၁၄) ရက်နေ့မှာတော့ ဗေလုဝတစ်ယောက် ကွယ်လွန်သွားခဲ့ပြီလို့ ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ အမှန်တော့ ဗေလုဝက သူ့ရဲ့နေအိမ်မှာပဲ နေကောင်းကျန်းမာစွာရှိနေခဲ့တာဖြစ်ပြီး သရုပ်ဆောင် မေတ္တာရဲ့ သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းက ကျန်းကျန်းမာမာရှိနေတဲ့ ဗေလုဝရဲ့ လက်ရှိအခြေအနေကို ပရိသတ်တွေအားလုံးသိရအောင် သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ Live လွှင့်ပြီး ပြသလာခဲ့တာ အခုလိုပဲ တွေ့ရပါတယ်။
ဗေလုဝကတော့ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေရတာဖြစ်ပြီး အခုလို ကောလဟာလတွေထွက်ေ ပါ်လာတာကြောင့် ပရိသတ်တွေက စိုးရိမ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဗေလုဝကတော့ ကျန်းကျန်းမာမာရှိနေတာမို့ ပရိသတ်ကြီးက စိတ်မပူကြပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ြ ကပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Myittar Myint Myat Hein’s fb
Credit – Cele Connections