




Credit

လှပတဲ့ခန္ဓာကိုယ်အချိုးအစားတွေနဲ့အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကြောင့် ယောက်ျားလေးတိုင်းရဲ့အချစ်တွေသာမက မိန်းကလေးတွေရဲ့အချစ်ကိုပါသိမ်းပိုက်ထားနိုင်တာကတော့ မော်ဒယ် သရုပ်ဆောင် မေပန်းချီပဲဖြစ်ပါတယ်။သူမရဲ့ကြိုးစားမှုတွေကြောင့်လည်း ဆယ်စုနှစ်တစ်ခုကြာသည့်တိုင်အောင် အောင်မြင်မှုတွေနဲ့ရပ်တည်နိုင်တာဖြစ်ပါတယ်။

သူမဟာ အေးဆေးနေတက်တဲ့သူတစ်ယောက်ဖြစ်ပြီး ဘဝကိုလွတ်လပ်စွာဖြတ်သန်းနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။အေးဆေးနေတက်တဲ့သူတစ်ယောက်ဖြစ်သော်လည်း သူ့ကိုမနာလိုတဲ့လူတစ်စုရဲ့တိုက်ခိုက်မှုကိုမကြာသေးခင်က ခံခဲ့ရပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။အရင်ကသူငယ်ချင်းတစ်ယောက်ဖြစ်ခဲ့ပေမယ့်လည်း မေပန်းချီရဲ့နောက်ကွယ်မှာမဟုတ်မမှန်တာတွေပြောရင်းနဲ့ နာမည်ဖျက်ခြင်းခံရတာဖြစ်ပါတယ်။

အဆိုပါကိစ္စတွေကို မေပန်းချီက ပရိသတ်တွေထံ Liveလွှင့်ပြီးဖြေရှင်းခဲ့ပြီး ပရိသတ်တွေကလည်း နောက်ကွယ်တိုက်ခိုက်ခံရမှုတွေကို မကျေမနပ်ဖြစ်ပြီး ပန်းချီဘက်ကနေရပ်တည်ပေးနေတာပါ။မေပန်းချီကနောက်ဆုံးမှာတော့“ငိုပြီးရင်ငါ့အလှည့်ငါမငိုတော့ဘူးနော်…ကျားကျားယားယားပဲဖြေရှင်းတက်တက် တက်မပတ်ဘူး“ဆိုပြီး လူမှုကွန်ရက်ကနေတင်လိုက် ခဲ့တာဖြစ်ပါတယ်။အဆိုပါPost အောက်မှာ သရုပ်ဆောင်နေဒွေးကလည်း ငါ့လိုအမှန်ကနေအမှားမဖြစ်ဖို့ဆိုပြီး ဂရုစိုက်ဖို့ပြောသွားခဲ့ပါတယ်။မေပန်းချီ တစ်ယောက်ဖြေရှင်းတာတွေဘယ်လိုတွေလာမလဲဆိုတာကတော့စောင့်ကြည့်ပေးပါဦးနော်။

Credit

Leave a Comment

Your email address will not be published. Required fields are marked *