Stars and Models ေအဂ်င္စီရဲ့ ပဲ့ကိုင္သူျဖစ္တဲ့ ဂၽြန္လြင္ကေတာ့ ျမန္မာနိုင္ငံရဲ့ ထိပ္တန္း အႏုပညာရွင္မ်ားစြာကို စဥ္ဆက္မျပတ္ ေမြးထုတ္ေပးလာတဲ့ ေခါင္းကိုင္ဖခင္ႀကီးလို႔ဆိုရမွာပါ။Channel K ႐ုပ္သံလိုင္းက ထုတ္လႊင့္ၿပီး သ႐ုပ္ေဆာင္ ခင္လွိုင္ ၊ ေကညီ ၊ သိန္းလင္းစိုးတို႔ အစီအစဥ္တင္ဆက္သူအျဖစ္ ပါဝင္ေနတဲ့ “ရႈပ္မယ္ ရွင္းမယ္ ေျဗာင္းျငင္းမယ္” အစီအစဥ္မွာ ဂၽြန္လြင္ ဧည့္သည္ ပါဝင္ခဲ့တုန္းက ေျပာဆိုခဲ့တဲ့ အေၾကာင္းအရာတစ္ခုဟာ ပရိတ္သတ္ေတြၾကားမွာ အေတာ္ေလးေရ ပန္းစားခဲ့ပါတယ္။

အဲ့ဒါကေတာ့ “ရန္သူ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ သ႐ုပ္ေဆာင္ ဝတ္မႈန္ေရႊရည္နဲ႔ အၿပိဳင္ ပါဝင္ သ႐ုပ္ေဆာင္ခဲ့တဲ့ သ႐ုပ္ေဆာင္ ေနျခည္ဦး နဲ႔ ပတ္သက္ၿပီးေျပာဆိုခဲ့တာျဖစ္ပါတယ္။ ေနျခည္ဦးကေတာ့ beauty blogger တစ္ေယာက္အျဖစ္ ဆိုရွယ္မီဒီယာေပၚမွာေက်ာ္ၾကားလာရာကေနတဆင့္ သ႐ုပ္ေဆာင္လိုင္းကို ကူးေျပာင္းလာခဲ့သူျဖစ္ပါတယ္။“ အလွကုန္ပစၥည္းေၾကာ္ျငာတဲ့ မင္းသမီးတစ္လက္ေပါ့ေနာ္။ အလွကုန္ ဘေလာ့ဂါေပါ့။ သူဆိူရင္ ရိုက္ကြင္းေပၚတက္လာတာ စီနီယာေတြကိုေတာင္ အဖက္မ လုပ္ေတာ့ဘူး။ branded ေတြနဲ႔ ေခ်မိုးၿပီးေရာက္ခ်လာတာ။ စီနီယာေတြကို ေလးစားရေကာင္းမွန္း ၊ ႏႈတ္ဆက္ရေကာင္းမွန္း မသိဘူး။

တကယ္တမ္းက်ေတာ့ စီနီယာဆိုတာကေလ နင္လား ငါလားယွဥ္လိုက္တဲ့အခ်ိန္မွာ ႏွစ္ေယာက္ အၿပိဳင္ဆုံလိုက္တဲ့ ႐ုပ္ရွင္တစ္ကားကို ကၽြန္ေတာ္ၾကည့္ဖူးတာကေတာ့ ဟိုဘက္က ဝတ္မႈန္ေရႊရည္က လုပ္ျပလိုက္တဲ့ မ်က္ႏွာ နဲ႔ မ်က္လုံးကို ဒီဘက္ မလိုက္နိုင္ဘူး။ အဲ့ဒါေလးေတြေပါ့ေလ။ စီနီယာဆိုတာကေတာ့ေလ respect ရွိဖို႔လိုတယ္ေပါ့။ကၽြန္ေတာဆိုရင္လည္း ကၽြန္ေတာ္တပည့္ေတြကို အျမဲေျပာတယ္။ နင္တို႔ လူေတြကို ပိုက္ဆံနဲ႔ မၿပိဳင္နဲ႔ ပညာနဲ႔ၿပိဳင္။ ပညာသည္ဆိုတာက ကိုယ္က ဒီပညာကို ျပရမွာေလ။ ပညာတစ္ခု ကိုလိုခ်င္ရင္ ေအာက္က်ိဳ႕ၿပီး ဝင္ရမွာေလ၊ အထက္စီးက ေနလို႔မရဘူး။

တခ်ိဳ႕ကက်ေတာ့ ငါအြန္လိုင္းေပၚမွာ နာမည္ႀကီးတယ္။ ငါလုပ္ခ်င္တာလုပ္မယ္။ ငါလာၿပီ။ အဲ့လိုလုပ္လို႔မရဘူးေလ သိတယ္မလား။ ခုနေျပာသလို ႏွစ္ေယာက္ တကယ္တမ္း ယွဥ္လာတဲ့အခါက်ေတာ့ ဒီဘက္ကဟာက lucky draw မဲလိပ္ေတြထည့္တဲ့ ဖန္အိုးႀကီးျဖစ္ၿပီး ဟိုဘက္ဟာက ေရႊအိုးႀကီးျဖစ္သြား တယ္” လို႔ ဂၽြန္လြင္က သ႐ုပ္ေဆာင္ ေနျခည္ဦးကို ဝတ္မႈန္ေရႊရည္နဲ႔ ခိုင္းႏွိုင္းၿပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Credit ; Cele City

Stars and Models အေဂျင်စီရဲ့ ပဲ့ကိုင်သူဖြစ်တဲ့ ဂျွန်လွင်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း အနုပညာရှင်များစွာကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလာတဲ့ ခေါင်းကိုင်ဖခင်ကြီးလို့ဆိုရမှာပါ။Channel K ရုပ်သံလိုင်းက ထုတ်လွှင့်ပြီး သရုပ်ဆောင် ခင်လှိုင် ၊ ကေညီ ၊ သိန်းလင်းစိုးတို့ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်နေတဲ့ “ရှုပ်မယ် ရှင်းမယ် ဗြောင်းငြင်းမယ်” အစီအစဉ်မှာ ဂျွန်လွင် ဧည့်သည် ပါဝင်ခဲ့တုန်းက ပြောဆိုခဲ့တဲ့ အကြောင်းအရာတစ်ခုဟာ ပရိတ်သတ်တွေကြားမှာ အတော်လေးရေ ပန်းစားခဲ့ပါတယ်။

အဲ့ဒါကတော့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်နဲ့ အပြိုင် ပါဝင် သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် နေခြည်ဦး နဲ့ ပတ်သက်ပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။ နေခြည်ဦးကတော့ beauty blogger တစ်ယောက်အဖြစ် ဆိုရှယ်မီဒီယာပေါ်မှာကျော်ကြားလာရာကနေတဆင့် သရုပ်ဆောင်လိုင်းကို ကူးပြောင်းလာခဲ့သူဖြစ်ပါတယ်။“ အလှကုန်ပစ္စည်းကြော်ငြာတဲ့ မင်းသမီးတစ်လက်ပေါ့နော်။ အလှကုန် ဘလော့ဂါပေါ့။ သူဆိူရင် ရိုက်ကွင်းပေါ်တက်လာတာ စီနီယာတွေကိုတောင် အဖက်မ လုပ်တော့ဘူး။ branded တွေနဲ့ ချေမိုးပြီးရောက်ချလာတာ။ စီနီယာတွေကို လေးစားရကောင်းမှန်း ၊ နှုတ်ဆက်ရကောင်းမှန်း မသိဘူး။

တကယ်တမ်းကျတော့ စီနီယာဆိုတာကလေ နင်လား ငါလားယှဉ်လိုက်တဲ့အချိန်မှာ နှစ်ယောက် အပြိုင်ဆုံလိုက်တဲ့ ရုပ်ရှင်တစ်ကားကို ကျွန်တော်ကြည့်ဖူးတာကတော့ ဟိုဘက်က ဝတ်မှုန်ရွှေရည်က လုပ်ပြလိုက်တဲ့ မျက်နှာ နဲ့ မျက်လုံးကို ဒီဘက် မလိုက်နိုင်ဘူး။ အဲ့ဒါလေးတွေပေါ့လေ။ စီနီယာဆိုတာကတော့လေ respect ရှိဖို့လိုတယ်ပေါ့။ကျွန်တောဆိုရင်လည်း ကျွန်တော်တပည့်တွေကို အမြဲပြောတယ်။ နင်တို့ လူတွေကို ပိုက်ဆံနဲ့ မပြိုင်နဲ့ ပညာနဲ့ပြိုင်။ ပညာသည်ဆိုတာက ကိုယ်က ဒီပညာကို ပြရမှာလေ။ ပညာတစ်ခု ကိုလိုချင်ရင် အောက်ကျို့ပြီး ဝင်ရမှာလေ၊ အထက်စီးက နေလို့မရဘူး။

တချို့ကကျတော့ ငါအွန်လိုင်းပေါ်မှာ နာမည်ကြီးတယ်။ ငါလုပ်ချင်တာလုပ်မယ်။ ငါလာပြီ။ အဲ့လိုလုပ်လို့မရဘူးလေ သိတယ်မလား။ ခုနပြောသလို နှစ်ယောက် တကယ်တမ်း ယှဉ်လာတဲ့အခါကျတော့ ဒီဘက်ကဟာက lucky draw မဲလိပ်တွေထည့်တဲ့ ဖန်အိုးကြီးဖြစ်ပြီး ဟိုဘက်ဟာက ရွှေအိုးကြီးဖြစ်သွား တယ်” လို့ ဂျွန်လွင်က သရုပ်ဆောင် နေခြည်ဦးကို ဝတ်မှုန်ရွှေရည်နဲ့ ခိုင်းနှိုင်းပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

Credit ; Cele City