


Credit…..

မြန်မာနိုင်ငံမှာ ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူအများစု ဟာ လုပ်ငန်းတာဝန်များကို ရပ်နားထားရတာကြောင့် စားဝတ်နေရေး အခက်အခဲများစွာကို ရင်ဆိုင်နေရတာလည်းတွေ့ရပါတယ်။ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မိသားစုတွေကို အနုပညာရှင်များက တတ်နိုင်သလောက် ကူညီ ထောက်ပံ့ကာ လှူဒါန်းမှု တွေ ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

ဒီလိုကူညီထောက်ပံ့မှုတွေပြုလုပ်ပေးနေကြတဲ့ ထဲမှာ နေဒွေးကလည်း အပါအဝင်ပါပဲနော်။ နေ့စဉ်တိုင်းလိုလို လိုအပ်တဲ့နေရာများကို သွားရောက်ကာ သူကိုယ်တိုင်ရောင်းချလျက်ရှိနေတဲ့ ဆန်များကို လှူဒါန်းခဲ့သလို မိတ်ဆွေသူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ လိုအပ်တဲ့ အစားအ​သောက်များကို လှူဒါန်း လျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း မိတ်ဆွေများနဲ့စုပေါင်းကာ သင်္ကြန်တွင်း အဆင်ပြေစေရန် ရည်ရွယ်ပြီး စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ သာကေတကပြည်သူများကို ဆန် ၊ ဆီ နဲ့ကြက်ဥများကို အိမ်ထောင်စု (၁၈၃) စာလှူဒါန်းဖြစ်ခဲ့ကြောင်း ပုံလေးတွေနဲ့တကွ ” ဤနေ့ကုသိုလ် သာကေတမြို့နယ်တွင်းရှိစားဝတ်နေရေး ခက်ခဲနေသောပြည်သူများ သင်္ကြန်တွင်း အဆင်ပြေစေရန် စုပေါင်းအလှု အိမ်ခြေ ၁၈၃ အိမ်အတွက် တအိမ်ထောင်ကို JITTOO အော်ဂန်းနစ်ရွှေဆန် ၆ပြည် တအိတ် , ကြက်ဥ , ဆီ စုပေါင်းပါဝင်လှုဒါန်းကျသူများအားလုံး သာဓုပါခင်ဗျခုလိုရေးသားဝေမျှလာတာ ဖြစ်ပါတယ်။”ဆိုတဲ့ စာလေးကိုရေးသားဝေမျှထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit : Nay Dway Facebook Account
Credit…..