သရုပ်ဆောင်ထူးခန့်ကျော်ကတော့ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ရင်းသရုပ်ဆောင်ပီပြင်တာကြောင့်ပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်၊ဘုရားတရားအလွန်ကိုင်းရှိုင်းတဲ့ထူးခန့်ကျော်ကတော့အလှူအတန်းတွေမှာလဲရက်ရက်ရောရောရှိတဲ့တစ်ဦးလဲဖြစ်ပါတယ်၊မကြာခဏဆိုသလိုထူးခန့်ကျော်ကအလှူအတန်းတွေပြုလုပ် တတ်သေးပါ တယ်။

လက်ရှိမှာဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီးတော့အောက်ဆီဂျင်မလုံလောက်မှုကြောင့်အသက်ပေါင်းများစွာကိုဆုံးရှုံးနေရပါတယ်၊ထူးခန့်ကျော်ကလဲကပ်ဆိုးကြီးမှကျော်လွားနိုင်အောင်နည်းလမ်းကောင်းကိုပြောပြလာ ခဲ့ပါတယ်။

ထူးခန့်ကျော်ကမြင်ရကြားရတဲ့အရာတွေဟာကျွန်တော်ရင်ထဲမှာမီးတောက်နေသလိုပါပဲ၊တနေ့သေရမယ်ဆိုတာသိပြီးသားပါ၊သို့သော်ဘယ်နေ့လဲဘယ်အချိန်လဲဘယ်နေရာလဲသာမသိကြတာသေရမယ်ဆိုတာသိသိကြီးနဲ့များဒီCovid19ရောဂါဖြစ်တာကြောက်စရာဆိုတာသိထားပေမဲ့သေရမယ်လို့သိထားတဲ့သူတိုင်းဒီCovid19ရောဂါဆိုးဟာအလကားကောင်ဆိုတာမှတ်ထား လိုက်ကြပါ။

အဓိကကစိတ်ဓာတ်မကျဖို့ပါနော်ရတနာသုံးပါးအားဘယ်တော့မှမမေ့ကြပဲမိမိတို့ဘာသာအလိုက်ဝတ်ပြုဆုတောင်းပေးကြခြင်းဖြင့်အမျိုးများအားလုံးကပ်ဆိုးကြီးအားဖြတ်ကျော်နိုင်ကြပြီးအားလုံးကျန်းမာလို့ချမ်းသာကြပါစေဆိုပြီးတော့သူ့ရဲ့လူမှုကွန်ယက်ထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit





Credit