ရုပ်သံ ဇာတ်လမ်းတွဲ များတွင် ပါဝင်ရိုက်ကူးရာမှ တစ်ဆင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့သူကတော့ သရုပ်ဆောင် စည်သူဝင်းပဲ ဖြစ်ပါတယ်။သူကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုတွေမှာ ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါ တယ်။

လမ်းပေါ်ထွက်ကာ ဆန္ဒထုတ် ဖော်ရုံသာမက ညဘက်များတွင် မပျက်မကွက် သံဗုံးတီး ခဲ့သူ ဖြစ်ပါတယ်။အခုလို တက်ကြွစွာ ပါဝင်ခဲ့တဲ့ စည်သူဝင်းကိုတော့ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းလုံခြုံရာ နေရာသို့ ခေတ္တခဏ တိမ်းရှောင်နေရတာ ဖြစ်ပြီး ပရိသတ်တွေကလည်း စည်သူဝင်းအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။တိမ်းရှောင်နေကြရတဲ့ အခြားသောအနုပညာရှင်များလည်း သူတို့ချစ်ခင်ရတဲ့ မိသားစုဝင်များနဲ့ ခွဲပြီး အဝေးတစ်နေရာတွင် နေကြရတဲ့အတွက် ဝမ်းနည်းနေကြရ တာ ဖြစ်ပါ တယ်။

မကြာသေးခင် နာရီပိုင်းလောက် ကလည်း စည်သူဝင်းရဲ့ Facebook Story တွင်နွေးထွေး လုံခြုံတဲ့ အမေ့အိမ်ကနေ ခွဲခွာလာရတာ ရက်ပေါင်း(၅၀) ပြည့်ပြီဖြစ်ကြောင်း ရင်ဖွင့်ပြောပြ လာတာ ဖြစ်ပါတယ်။ပရိသတ်များ ကလည်း သူတို့အားပေးကြရတဲ့ အနုပညာရှင်တွေ အခုလို အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့နေကြတဲ့အတွက် စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။ အရေးတော်ပုံကြီး အမြန်ဆုံးအောင်မြင်ပြီး ခွဲခွာနေကြရသူများအားလုံး မိသားစုဝင်များနဲ့ပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

Credit:Cele World

႐ုပ္သံ ဇာတ္လမ္းတြဲ မ်ားတြင္ ပါဝင္ရိုက္ကူးရာမွ တစ္ဆင့္ ပရိသတ္ေတြရဲ့ အားေပးမႈေတြကို ရရွိခဲ့သူကေတာ့ သ႐ုပ္ေဆာင္ စည္သူဝင္းပဲ ျဖစ္ပါတယ္။သူကေတာ့ ျမန္မာနိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနေသာ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူမ်ားႏွင့္အတူ ပူးေပါင္းပါဝင္ခဲ့တဲ့ အႏုပညာရွင္တစ္ဦးလည္း ျဖစ္ပါ တယ္။

လမ္းေပၚထြက္ကာ ဆႏၵထုတ္ ေဖာ္႐ုံသာမက ညဘက္မ်ားတြင္ မပ်က္မကြက္ သံဗုံးတီး ခဲ့သူ ျဖစ္ပါတယ္။အခုလို တက္ႂကြစြာ ပါဝင္ခဲ့တဲ့ စည္သူဝင္းကိုေတာ့ ပုဒ္မ ၅၀၅(က) ျဖင့္ အမႈဖြင့္ အေရးယူထားတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေဘးကင္းလုံျခဳံရာ ေနရာသို႔ ေခတၱခဏ တိမ္းေရွာင္ေနရတာ ျဖစ္ၿပီး ပရိသတ္ေတြကလည္း စည္သူဝင္းအတြက္ စိတ္ပူေနၾကတာ ျဖစ္ပါတယ္။တိမ္းေရွာင္ေနၾကရတဲ့ အျခားေသာအႏုပညာရွင္မ်ားလည္း သူတို႔ခ်စ္ခင္ရတဲ့ မိသားစုဝင္မ်ားနဲ႔ ခြဲၿပီး အေဝးတစ္ေနရာတြင္ ေနၾကရတဲ့အတြက္ ဝမ္းနည္းေနၾကရတာ ျဖစ္ပါ တယ္။

မၾကာေသးခင္ နာရီပိုင္းေလာက္ ကလည္း စည္သူဝင္းရဲ့ Facebook Story တြင္ေႏြးေထြး လုံျခဳံတဲ့ အေမ့အိမ္ကေန ခြဲခြာလာရတာ ရက္ေပါင္း(၅၀) ျပည့္ၿပီျဖစ္ေၾကာင္း ရင္ဖြင့္ေျပာျပ လာတာ ျဖစ္ပါတယ္။ပရိသတ္မ်ား ကလည္း သူတို႔အားေပးၾကရတဲ့ အႏုပညာရွင္ေတြ အခုလို အျဖစ္ဆိုးေတြနဲ႔ ၾကဳံေတြ႕ေနၾကတဲ့အတြက္ စိတ္မေကာင္း ျဖစ္ေနၾကတာ ျဖစ္ပါတယ္။ အေရးေတာ္ပုံႀကီး အျမန္ဆုံးေအာင္ျမင္ၿပီး ခြဲခြာေနၾကရသူမ်ားအားလုံး မိသားစုဝင္မ်ားနဲ႔ျပန္လည္ဆုံဆည္းနိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ ရပါ တယ္။

Credit:Cele World