


Credit

ပရိသတ်ကြီးရေ သရုပ်ဆောင် ပိုးအိအိခန့်ကိုတော့ အားလုံး သိကြမယ် ထင်ပါတယ်နော်။ သူမကို စစ်တပ်အသိုင်းဝိုင်းမှ ဖြစ်တာကြောင့် ပရိသတ်တွေက social Punishment လုပ်ခဲ့ကြပေမယ့်လည်း တကယ်တော့ ပိုးအိအိခန့်ဟာ အမှန်တရားဘက်ကနေ ရပ်တည်ပေးနေသူပါနော်။ပရိသတ်တွေ ဘယ်လောက်ပဲ ပြောဆိုနေပါပစေ သည်းခံတတ်တဲ့ ပိုးအိအိခန့်ကတော့ ခံစားနေရတဲ့အရာများကို ဆိုရှယ်မီဒီယာတွင် ဖွင့်ဟလိုက်ပါ ပြီနော်။

“တကယ်တော့လေ ဘေးထိုင်ဘုပြောနေသူတွေရဲ့ စိတ်ဓာတ်က ဘာလာလာ ပြောမှာပဲ သိလားအလှပုံပဲတင်ပြီး ဘာမှ မတင် မဆဲ သူတွေကျတော့ဒီချိန်ကြီးမှာ အလှပုံတွေ တင်နေစရာလား လိပ်ပြာလုံပါစေတို့ဘာတို့ ဘာဆို ဘာတခုမှ မတင်ဘဲ ကိုယ့်ခံယူချက်ကိုယ်သာသိ အများသိဖို့ မလို ဆိုတဲ့ ကျွန်မယောကျာ်းလို လူမျိုးတစ်စုကိုကြပြန်တော့ အပြင်မထွက်နိုင်ရင်တောင်ဖေ့ဘွတ်ပေါ်တခုခုတော့တင်သင့်တယ်ပေါ့ ဒီလောက်နိုင်ငံကြီး ဖြစ်တာ နေနိုင်စိမ့် တယ်ပေါ့။

အဲလာပါပြီ ကျွန်မလို ပြည်ပရောက်နေလို့အပြင်မထွက်နိုင်သော်ငြား လိုင်းပေါ်ကနေထိုင်ကန့်ကွက်နေပြန်တော့လဲအပြင်ကျထွက်မလာဘဲ လိုင်းပေါ်မှာတင်အာကျယ်မနေနဲ့တဲ့ ကဲ အဲ့ဒါသာကြည့်တော့တကယ်တော့ အဲ့လို လူတန်းစားတွေနဲ့ ဖက်ရန်ဖြစ်မိတဲ့ ကျွန်မ မှားမှန်းစဉ်းစားလေ သိလေ ဖြစ်လာပါပြီအဲ့တော့ ကြိုက်တာသာ လာပြော ဘေးနားမှာ ရှိနေတဲ့ကျွန်မ အမျိုးသား ဆရာသမားကို အတုယူပြီး နေတော့မယ်ကွယ် ပုံဥပက္ခာ တရားကြီးမားသူကြီးရဲ့ အမျိုးသမီး မစွာတေး😁 ” လို့ ရေးထားပါတယ်နော်။ Facebook ပေါ်မှာရေးတင်နေတာကြောင့် ခင်ပွန်းဖြစ်တဲ့ အောင်သူကပါ တားယူနေရတယ်လို့လည်း ပိုးအိအိခန့်က ပြောသွားပါသေး တယ်နော်။

Credit