ထန်းရည်ဝယ်သောက်ပြီး နှစ်ယောက်သား အပြိုင်သီချင်းတွေဆိုကာ ပျော်ရွှင်ကြည်နူးနေတဲ့မောင် နဲ့ ရီရီပွင့်ဖြူ တို့ရဲ့ ဗီဒီယိုရဲ့အကြောင်းလေးကို ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

ပရိသတ်ကြီးရေ မင်းသားချောလေး မောင်ကတော့ ဆယ်စုနီးပါးလောက်အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့ပြီးအောင်မြင်လာခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မောင်က အနုပညာနယ်ပယ်မှာအောင်နေတာမကပဲ ပညာရေးပိုင်းမှာလည်း ထူးချွန်နေတဲ့ ဆရာဝန်တစ်ဦးပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မောင်က အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ဦးစားပေး လုပ်ကိုင်နေတာ တွေ့ရပါတယ်။မောင် က မင်းသမီးချောလေး
ရီရီပွင့်ဖြူ နဲ့အတူ ကာလရှည်တွဲလာတဲ့ ချစ်သူစုံတွဲတွေဖြစ်ပြီး လိုက်ဖက်တဲ့သူတွေဖြစ်တာကြောင့် ပရိသတ်တွေကလည်း အားကျနေရတာ ဖြစ်ပါတယ်။

မကြာခဏဆိုရင် သူတို့ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးစရာ ဗီဒီယိုလေးတွေကိုလည်းဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာလည်း မောင်နဲ့ ရီရီပွင့်ဖြူ တို့ကပရိသတ်တွေသသဘောကျချစ်ခင်ရမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယိုလေးကတော့ မောင် နဲ့ ရီရီပွင့်ဖြူ တို့နှစ်ယောက်က ထန်းရည်သောက်ပြီးပျော်ပျော်ပါးပါး သီချင်းဆိုနေတာကို အမှတ်တရ ရိုက်ထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်းမောင်က ” ထန်းရည်သောက်ချင်လိုက်တာ ကိုဗစ် ကအခုထိမပြီးနိုင်သေးဘူး ကွိုင်ပဲ”ဆိုတဲ့ Caption လေးနဲ့လည်း ရေးသားဖော်ပြထားပါတယ်။

ကဲ…ပရိသတ်ကြီးရကောင်းနေတဲ့ မောင် နဲ့ ရီရီပွင့်ဖြူ တို့ရဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။အစမှ အဆုံးဖတ် ပေးသော ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။

ယူနီကုတ်ဖြင့်ဖတ်ရန်…





