



နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တ စ်ယောက်ဖြစ်တဲ့ မိုးဟေကိုကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အနုပညာသက်တမ်း ဆယ်စုနှစ် တစ်ခုကျော်နေပြီဖြစ်တဲ့ မိုးဟေကိုကတော့ အကယ်ဒမီဆုကြီးနဲ့ လွဲချော်နေသေးပေမယ့် ထိပ်တန်းမင်းသမီးဆိုတဲ့နေရာမှာ အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ မိုးဟေကိုကလည်း သူမကို အခုလို အောင်မြင်အောင် အားပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းအတွက် အိမ်ထောင်ရေး ကိုမစဉ်းစားသေးပဲ အနုပညာအလုပ်တွေကိုသာ တစိုက်မတ်မတ်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

မင်းသမီးတစ်ယောက် အောင်မြင်ခြင်းရဲ့ နောက်ကွယ်မှာ သူမကို ပံ့ပိုးပေးနေတဲ့ ဒီဇိုင်နာ၊ မိတ်ကပ်ဆရာ၊ ဓာတ်ပုံပညာရှင်၊ Stylist ဆိုတာ ရှိစမြဲပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း မိုးဟေကိုက သူမကို ဝတ်စုံလှလှလေ းတွေအမြဲတမ်းချုပ်ပေးပြီး မောင်နှမသဖွယ်ခင်မင်ရတဲ့ ဒီဇိုင်နာမင်းသက်စံကို တန်ဖိုးကြီးစိန်နားကပ်လေးတစ်ခုလက်ဆောင်ပေးခဲ့ကြောင်း ဒီဇိုင်နာမျိုးမင်းစိုးက သူ့ရဲ့ ဖေ့စ်ဘုတ်စာ မျက်နှာမှာ ပြောပြလာပါတယ်။

မိုးဟေကိုကတော့ သူမကို ပရိသတ်တွေမျက်လုံးထဲမှာ အမြဲတမ်း လှပကြော့ရှင်းနေစေဖို့ ဝတ်စုံလှလှလေးတွေ တာဝန်ယူချုပ်လုပ်ပေးနေတဲ့ ဒီဇိုင်နာမျိုးမင်းစိုးကို နှစ်သစ်ကူးလက်ဆောင်အဖြစ် စိန်နားကပ်လှလှလေး လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ကို လေးစားတန်ဖိုးထားတဲ့ မိုးဟေကိုတစ်ယောက် ဒီထက်မက အောင်မြင်မှုတွေရရှိမှာ အသေအချာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင် းပေးလိုက်ပါတယ်။

Source: Minn Thet Saen’s fb
Credit – Cele Connections