မင်းသမီးချော ဆုပန်ထွာ ကတော့ တစ်ခေတ်တခါက အနုပညာလောကမှာ အောင်မြင်မှုတွေရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆုပန်ထွာက အနုပညာအလုပ်တွေကို အရင်ကထက် မလုပ်ကိုင်တော့ပေမယ့်လည်း ဖြည်းဖြည်းမှန်မှန်နဲ့သာ လုပ်ကိုင်နေတာ တွေ့ရပါတယ်။

သူမဟာ ဘာသာတရားကို သက်ဝင်ယုံကြည်သူတစ်ယောက်ဖြစ်သလို အလှူအတန်းတွေကိုလည်း အမြဲလှူဒါန်းတတ်သူလည်းဖြစ်ပါတယ်။ဆုပန်ထွာ ကတော့ လက်ရှိမှာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်ထားပြီး ချစ်စရာသားလေး တစ်ယောက်ကိုလည်း မွေးထားပါသေးတယ်။ လတ်တလောမှာတော့ မောင်နှမတွေ စုံစုံလင်လင်နဲ့ အမှတ်တရရိုက်ထားတဲ့ ပုံလေးတွေကို ဖော်ပြခဲ့တာတွေ့ရပါတယ်။ ပုံလေးတွေနဲ့အတူ “20.12.2020 က Family Photo ရိုက်ဖြစ်ကြပါတယ်။

ခုချိန်မှာရှိနေတဲ့ ဒီမိသားစု‌ကြီးကို Covid 19 ကြောင့် ပိုတန်ဖိုးထားတတ်လာတာတကယ်ပါပဲ။ ဖေကြီးမရှိတော့တာမို့ အဓိကက “မေကြီး” ပေါ့။ ကိုယ့်စိတ်ထဲ Covid 19 များဖြစ်ရင် ကိုယ့်အမေခံနိုင်ရည်ရှိမှာမဟုတ်ဘူးဆိုပြီးစိတ်က အမြဲပူမိတာအမှန်။ မေကြီးက ဘာရောဂါမှမရှိပေမယ့် အသက်ကြီးလာတော့ သူ့မှာအား‌ဆေးမျိုးစုံသောက်ရင်း အသက်ဆက်နေရတာတော့အမှန်ပဲ။ ကိုယ်လည်းကောင်းပေ့ညွန့်ပေ့ဆိုတဲ့အားဆေးမှန်သမျှ ယောက်ျားနဲ့တိုင်ပင်ပြီးဝယ်တိုက်ရတာ အမောပါ။ ဒီနှစ်မကုန်ခင် မှတ်မှတ်ယယ မိသားစုဓါတ်ပုံလေးစုရိုက်ဖို့‌သေချာစီစဉ်ရင်း…မေကြီး ကျန်းကျန်းမာမာနဲ့ သူလှလှလေးမိုက်နေတာလည်း ကိုယ့်အတွက်ပီတိတစ်မျိုး‌ပေါ့။ ဒီအဖေဒီအမေက မွေးတဲ့ရှိတဲ့မောင်နှမငါးယောက်၊

ခုချိန်ထိ အားလုံး မိသားစုကိုယ်စီနဲ့ ကျန်းကျန်းမာမာ ရှိကြတုန်း..ဒါလေးကလည်းပီတိတစ်မျိုး။ နောက်တစ်မျိုးက မိသားစုဆိုတာ တစ်ကယ်တမ်းတော့”မတည့်အတူနေ” ကြသူတွေပါ။ ဟီးဟီးပြောသာပြောရတာ ကြောက်ဆယ် ဒါကလူမစုံသေးပါဘူးနော်။ အစ်မယောက်ျား ကိုရာဇာနဲ့၊ ညီမလေးအငယ်ဆုံး သဲသဲ မိသားစု မပါသေးဘူး။ ဘာပဲပြောပြော ဓါတ်ပုံရိုက်တဲ့နေ့က ဆူညံပွက်လောရိုက်ပြီး ပျော်စရာကြီးကိုဖြစ်လို့။ မနက် ၁၀နာရီချိန်းတာ နေ့လည် ၁၂ ခွဲမှ လူစုံတယ်။ ဓါတ်ပုံဆရာ Aung Lay က ဒီလူတစ်ပြုံကြီးကို စောင့်ပေးပြီး စိတ်ရှည်ရှည်ထားရိုက်ပေးရှာသားဒါတောင် ညီမလေး သဲသဲမိသားစုကိုမစောင့်နိုင်တော့တာနဲ့ သူတို့မိသားစုမပါလိုက်ဘူး။ အဲ့နေ့က နေပူပူထဲ ရိုက်လိုက်ကြ၊ ရီလိုက်ကြနဲ့ ဆူညံပွက်လောရိုက်နေတာဝက်ဝက်ကွဲရော ။

ပျော်စရာကြီး ကဲ ဒီပုံတွေကြည့်ပြီး အမျိုးတွေစုကြ၊ ဓါတ်ပုံတွေလှလှလေးတွေရိုက်ထားကြ။ နောက် ၄ ၅ ၁၀ နှစ်ကြာရင်သိပ်တန်ဖိုးရှိတဲ့ပုံလေးတွေဖြစ်ကုန်မှာသေချာသလောက်ပါ။ကဲ……..ဘယ်လိုပဲဖြစ်ဖြစ် ရှိနေကြသေးတဲ့မိသားစုအပေါ်အားလုံး တန်ဖိုးထားရင်း ချစ်ကြမယ်လို့…ဆိုပြီးရေးသားဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Su Pan Htwar






Credit – Cele Zone
Photo – Su Pan Htwa