ချစ်ပရိတ်သတ်ကြီးရေ…. အရှေ့တောင်အာရှမှ မမများသဝန်တိုရလောက်အောင် ပိုင်တံခွန်နဲ့ မော်လ်ဒိုက်ကမ်းခြေကိုသွားတုန်းက မနက်စာအတူစားခဲ့တဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ချပြလာခဲ့တာကတော့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းရဲ့ ညီမလေး ဆွိဝတ်ရည်သောင်းပဲဖြစ်ပါတယ်နော်….။သူမကသီချင်းတွေကိုသီဆိုရင်း ဂီတလောကမှာ ရပ်တည်လေးတစ်ယောက်ပဲဖြစ်ပါတယ်နော်။

ဆွိဝတ်ရည်သောင်းဟာဆိုရင် အစ်မဖြစ်သူ မအေးသောင်းလိုသရုပ်ဆောင်ကို ဝါသနာမပါပဲ သီချင်းဆိုရတာကိုပဲ နှစ်သက်သူလေးပဲဖ်ြပါတယ်။သူမရဲ့အသံလေးဟာဆိုရင်လည်း ချိုချိုအေးအေးလေးဖြစ်တဲ့အတွက် ယောကျာ်းလေးပရိတ်သတ်တွေတင်မကပဲ မိန်းကလေးပရိတ်သတ်တွေကိုပါ ဆွဲဆောင်ထားသူလေးဆိုလဲမမှားပါဘူးနော်…..။

အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မိန်ကလေးပရိတ်သ်တွေမနာလိုဖြစ်စေမယ့် ပုံလှလှလေးတွေကိုတင်းထားတာပဲဖြစ်ပါတယ်နော်…။ဒါကတော့ မင်းသားချောပိုင်တံခွန်နဲ့ မောလ်ဒိုက်ကမ်းခြေသွားတုန်းက ရေကူးကန်ထဲမှာ မနက်စာအတူတူစားခဲ့ကြတဲ့ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ဆွိဝတ်ရည်သောင်းက ” ကဲရော့ ကိုကြီးတံခွန်နဲ့ Maldives ခရီးစဉ်အမှတ်တရ ( အရှေ့တောင်အာရှက မမများမနာလိုဖြစ်ကြကုန်)” လို့ဆိုပြီး ပူံလေးတွေတင်လာခဲ့တာပဲဖြစ်ပါတယ်နော်….။

ဒီပုံလေးတွေကတော့ လွန်ခဲ့တဲ့ တစ်နှစ်က အေးဝတ်ရည်သောင်း ၊ အိမ့်ချစ်၊ ပိုင်တံခွန်၊ ကျော်ထက်ဇော်၊ ပိုင်ဖြိုးသု၊ အောင်မင်းခန့် အစရှိတဲ့အနုပညာရှင်ညီအစ်ကိုမောင်နှများနဲ့ မော်ဒိုက်ကမ်းခြေကို သွားရောက်လည်ခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။

သူမတင်ထားတဲ့ ပုံအောက်တွင်လည်း မိန်းကလေးပရိသတ်တွေက ဆွိလေးကို စနောက်နေကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်လို့ရအောင် ပိုင်တံခွန်နဲ့ဆွိဝတ်ရည်သောင်းတို့ရဲ့ ပုံလေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက်ရပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုလဲအထူးပဲကျေးဇူးတင်ရှိပါတယ်နော်….။

Source and Photo Crd- Sweet Wutt Yi Thaung’s Facebook Account
Credit ; MM Load