သရုပ္ေဆာင္ ခိုင္နွင္းေဝကေတာ့ ကိုယ္က်ိဳးကိုမငဲ့ကြက္ပဲ အမ်ားအက်ိဳးအတြက္ ေရွ့ဆံုးကေန စြမ္းစြမ္းတမံ ကူညီေဆာင္ရြက္ေပးေနတဲ့ ပရဟိတမင္းသမီးေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ခိုင္နွင္းေဝက လက္ရိွျဖစ္ပြားေနတဲ့ Covid – 19 ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးလုပ္ငန္းစဥ္မ်ားအတြက္ သူမကိုယ္တိုင္ စိတ္ေရာလူပါ ကူညီေဆာင္ရြက္ေပးေနသလို စားဝတ္ေနေရး ခက္ခဲၾကပ္တည္းေနတဲ့ အေျခခံလူတန္းစားေတြကိုလည္း ကူညီေစာင့္ေရွာက္ေပးေနတာပဲ ျဖစ္ပါတယ္။ အမ်ားအက်ိဳးကို သယ္ပိုးေဆာင္ရြက္ေနသလို မိခင္အတြက္လည္း သမီးေကာင္းတစ္ေယာက္ျဖစ္တဲ့ ခုိင္နွင္းေဝက ဒီကေန့အေမမ်ားေန့မွာလည္း ေမ့ကိုခ်စ္တဲ့အေၾကာင္းေတြ အခုလိုပဲ ေျပာလာပါတယ္။

“ေန႔တိုင္း အခ်ိန္တိုင္း ရင္ထဲအၿမဲရွိပါတယ္။ အေမမ်ားေန႔ မို႔ အမွတ္တရတင္လိုက္ေပးမဲ့ ေန႔ရက္တိုင္းဟာ အေမအတြက္ပါပဲ။ ကြ်န္မရဲ႕ သားသမီးေတြအတြက္လဲ ကြ်န္မဟာ သူတို႔ရဲ႕အေမအျဖစ္ တစ္သက္တာဝန္ေက်ေအာင္ႀကိဳးစားသြားမွာပါ 💛💚❤️” ဆိုျပီး ေက်းဇူးရွင္ ေမေမ့ကို အရမ္းခ်စ္တဲ့အေၾကာင္း ေျပာလာပါတယ္။

ခိုင္နွင္းေဝကေတာ့ သူမကိုယ္တိုင္ မိခင္တစ္ေယာက္ ေနရာကို ေရာက္ရိွလာခ်ိန္မွာေတာ့ ျမင့္မိုရ္ေတာင္မက ဆပ္လုိ့မကုန္နိုင္တဲ့ မိခင္တို့ရဲ့ ဂုဏ္ေက်းဇူးကို ပိုမိုသိရိွလာခဲ့ရျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း အေမမ်ားေန့မွာ ခ်စ္ရတဲ့ ေမေမေတြနဲ့ ေပ်ာ္စရာအမွတ္တရေတြကို ဖန္တီးနိုင္ၾကပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Khine Hnin Wai ‘s fb
Credit – Cele Connections

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ကိုယ်ကျိုးကိုမငဲ့ကွက်ပဲ အများအကျိုးအတွက် ရှေ့ဆုံးကနေ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတမင်းသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက လက်ရှိဖြစ်ပွားနေတဲ့ Covid – 19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်များအတွက် သူမကိုယ်တိုင် စိတ်ရောလူပါ ကူညီဆောင်ရွက်ပေးနေသလို စားဝတ်နေရေး ခက်ခဲကြပ်တည်းနေတဲ့ အခြေခံလူတန်းစားတွေကိုလည်း ကူညီစောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ အများအကျိုးကို သယ်ပိုးဆောင်ရွက်နေသလို မိခင်အတွက်လည်း သမီးကောင်းတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေက ဒီကနေ့အမေများနေ့မှာလည်း မေ့ကိုချစ်တဲ့အကြောင်းတွေ အခုလိုပဲ ပြောလာပါတယ်။

“နေ့တိုင်း အချိန်တိုင်း ရင်ထဲအမြဲရှိပါတယ်။ အမေများနေ့ မို့ အမှတ်တရတင်လိုက်ပေးမဲ့ နေ့ရက်တိုင်းဟာ အမေအတွက်ပါပဲ။ ကျွန်မရဲ့ သားသမီးတွေအတွက်လဲ ကျွန်မဟာ သူတို့ရဲ့အမေအဖြစ် တစ်သက်တာဝန်ကျေအောင်ကြိုးစားသွားမှာပါ 💛💚❤️” ဆိုပြီး ကျေးဇူးရှင် မေမေ့ကို အရမ်းချစ်တဲ့အကြောင်း ပြောလာပါတယ်။

ခိုင်နှင်းဝေကတော့ သူမကိုယ်တိုင် မိခင်တစ်ယောက် နေရာကို ရောက်ရှိလာချိန်မှာတော့ မြင့်မိုရ်တောင်မက ဆပ်လို့မကုန်နိုင်တဲ့ မိခင်တို့ရဲ့ ဂုဏ်ကျေးဇူးကို ပိုမိုသိရှိလာခဲ့ရပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အမေများနေ့မှာ ချစ်ရတဲ့ မေမေတွေနဲ့ ပျော်စရာအမှတ်တရတွေကို ဖန်တီးနိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Khine Hnin Wai ‘s fb
Credit – Cele Connections