



ဂျိုး လို့ သူမကိုယ်သူမ ပြောတတ်တဲ့ မင်းသမီးချော မျိုးစန္ဒီကျော်ကတော့ မျက်လုံးအိမ်ဝိုင်းဝိုင်းလေးနဲ့ ထူးခြားလှပသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မျိုးစန္ဒီကျော်ကတော့ အိမ်ထောင်နဲ့ တရားဝင်ကွာရှင်းပြီးချိန်မှာ သမီးလေး Jewel ကို တစ်ယောက်တစ်လှည့်စီ ပြုစုစောင့်ရှောက်ရင်း အနုပညာအလုပ်တွေနဲ့ စီးပွားရေးအလုပ်တွေကို အချိန်ပေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသ တ်တွေကတော့ မျိုးစန္ဒီကျော်အပြင် မျိုးစန္ဒီကျော်ရဲ့ သမီးလေး Jewel ကိုပါ ချစ်ခင်ပေးကြတာပဲ ဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီလ (၇) ရက်နေ့ကတော့ မျိုးစန္ဒီကကျော်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မျိုးစန္ဒီကျော်က သူမရဲ့ မွေးနေ့မှာ ချစ်ခင်ရတဲ့မိသားစုတွေနဲ့အတူတူ သမီးလေး Jewel နဲ့ တစ်နေကုန်ပျော်ပျော်ရွှင် ရွှင်ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ညပိုင်းမှာတော့ သမီးလေး Jewel နဲ့ မွေးနေကိတ်လေးခွဲခဲ့ပြီး Jewel လေးကလည်း မေမေ့ရဲ့မွေးနေ့မှာ မိသားစုပုံမွေးနေ့ကိတ်လေးကိုကြည့်ပြီး သဘောကျနေကြောင်းကို မျိုးစန္ဒီကျော်က “Happy Birthday to me 🎁🎂🎀❣️မွေးနေ့က မေမေဂျိုးမွေးနေ့လား.. jewel လေးမွေးနေ့လားမသဲကွဲဘူး 😂😂” ဆိုပြီး ပြောလာပါတယ်။

မျိုးစန္ဒီကျော်ကတော့ သူမရဲ့ မွေးနေ့မှာ ကိုယ်တိုင်ပျော်ရွှင်တာထက် သမီးလေးပျော်ရွှင်တာကိုကြည့်ပြီးပဲ ပီတိဖြစ်နေရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မျိုးစန္ဒီကျော်တို့ သားအမိနှစ်ယောက် အခုလိုပဲ အမြဲတမ်းပျော်ရွှင်နိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Myo Sandy Kyaw’s fb
Credit – Cele Connections