





တေးရေးဆရာ တစ်ယောက်လည်း ဖြစ်တဲ့ အဆိုတော်ကောင်းကောင်း ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှု တစ်နေရာကို အထိုက်အလျှောက် ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ အဆိုတော် ကောင်းကောင်း ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ (၃၁) ရက်နေ့မှာပဲ ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သားငယ်လေးကိုထပ်မံပိုင်ဆိုင် လိုက်ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ကောင်းကောင်းက အခုဆိုရင် သားနှစ်ယောက်ရဲ့ဖခင်ဘဝ ကို ရောက်ရှိသွားပြီပဲ ဖြစ်ပါတယ် ။ သားလေးတစ်ယောက်ရှိစဉ်ကတည်းက သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ဘဝလေးကို ပိုင်ဆိုင်ခဲ့ရတဲ့ ကောင်းကောင်း တို့မိသားစုက အခုတော့ ပိုပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်ပါတယ် ။

သူ့ရဲ့ဇနီးဖြစ်သူက ဒုတိမြောက် ရင်သွေးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကြောင်း ကောင်းကောင်းက သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကတစ်ဆင့် အားလုံးကို အသိပေးခဲ့တာ ဖြစ်ပါတယ်။ ကောင်းကောင်းရဲ့သားလေးက ကျန်းကျန်းမာမာနဲ့ လူ့လောကထဲကိုရောက်ရှိခဲ့တာဖြစ်ပြီး အရမ်းကိုချစ်ဖို့ကောင်းတဲ့ ကလေးလေးလည်း ဖြစ် ပါတယ် ။

အခုတော့ ကောင်းကောင်းက သူ့ရဲ့သားလေးကို David ဆိုပြီး ချစ်စနိုးနဲ့ နာမည်ပေးထားတာ တွေ့ရပါတယ်။ဒါ့အပြင် ကောင်းကောင်းက အိပ်မောကျနေတဲ့ သားငယ်လေးရဲ့ချစ်စရာ ပုံစံလေးတွေကိုပါ ဓာတ်ပုံရိုက်ပြီး သူ့ရဲ့ပရိသတ်တွေကို ပြသလာခဲ့တာ ဖြစ်ပါတယ် ။ ရက်သားအရွယ်လေးသာရှိတဲ့ ကောင်းကောင်းရဲ့သားငယ်လေး David ကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိနေတာလည်း တွေ့ရပါတယ်။

အနှီးထုပ်လေးထဲမှာ အရမ်းချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ အိပ်မောကျနေတဲ့ အဆိုတော်ကောင်းကောင်းရဲ့ဒုတိယမြောက် ရင်သွေးလေး David ရဲ့ပုံလေးကိုကြည့်ပြီး ပရိသတ်ကြီးလည်း တစ်နေ့တာ စိတ် အပန်းတွေကို ပြေနိုင်ကြပါစေ။…ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်နော်။

Source -Kaung Kaung Vocalist

Leave a Comment

Your email address will not be published. Required fields are marked *