



ပြည်သူချစ်မင်းသားတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ကတော့ သရုပ်ဆောင်တစ်ယောက်ပီပီ ဟာသ၊ ဒရမ်မာ၊ အက်ရှင် စတဲ့ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်နိုင်ပေမယ့် အပြင်လက်တွေ့က သူ့ရဲ့ပုံစံကတော့ ပျော်ပျော်နေတတ်ပြီး အပူအပင်ကင် းသူတစ်ယောက်ပါ။ အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်တဲ့ ကျော်ကျော်ကတော့ အိမ်ထောင်ပြုသင့်နေပြီဆိုပေမယ့် အခုအချိန်ထိ သူ့ရဲ့ ဘဝလက်တွဲဖော်ကို ရှာမတွေ့သေးပဲ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့သာ အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ကျော်ကျော်တစ်ယောက် လူပျိုလူလွတ်ဘဝနဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ် ကိုင်နေတာကိုပဲ မြင်ချင်နေကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၂၀) ရက်နေ့ကတော့ ပရိသတ်တွေချစ်တဲ့ကျော်ကျော်ကို လူ့လောကထဲရောက်အောင်မွေးဖွားပေးခဲ့တဲ့ ကျော်ကျော်မေမေရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ကျော်ကျော်ကတော့ သူ့ရဲ့မိခင်အတွက် “ဟယ်လို…မေမေ ဟက်ပီးဘတ်ဒေးပါ…😍😍😍မေမေရဲ့မွေးနေ့တွေမှာ အတူမရှိရတာတောင်ကြာပြီ။ မွေးနေ့ကစပီး ယခုထက်ပို၍ ကျန်းမာပါစေ။ ပျော်ရွှင်ပါစေ ရောဂါဗယတွေကင်းဝေးပြီး ချစ်ရတဲ့ မိသားစုနဲ့အတူတူသက်ဆုံးတိုင်နေနိုင်ပါစေလို့် ချစ်ခြင်းမေတ္တာအပြည့်နဲ့ သား ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ ❤❤❤” ဆိုပြီး ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာတာပဲ ဖြစ်ပါတယ်။

ကျော်ကျော်ကတော့ အိမ်ထောင်မရှိ ချစ်သူရည်းစားမရှိသူတစ်ယောက်ပီပီ မိသားစုတွေအတွက်သာ အချစ်တွေပုံအောပေးအပ်ထားတာပဲ ဖြစ်ပါတယ်။ ကျော်ကျော်ရဲ့မေမေလည်း သားလေးဆုတောင်းပေးတဲ့ဆုတွေနဲ့ တစ်လုံးတစ်ဝကြီးပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Naing Oo’s fb
Credit – Cele Connections