



Credit ; Swel Sone News

အဆိုတော်ချမ်းချမ်းကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သီချင်းကောင်းလေးတွေများစွာနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ ဝင်ရောက်နေရာယူထားနိုင်ခဲ့ပါတယ်။ပရိသတ်တွေအချစ်ပိုရတဲ့ သူမကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတာပဲဖြစ်ပါတယ်။ သူမရဲ့ သီချင်းလေးတွေဟာ ယနေ့အချိန်ထိနားထောင်လို့ကောင်းနေဆဲဖြစ်ပြီး ပရိသတ်တွေအားပေးကြိုက်နှစ်သက်နေဆဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သမီးလေးမြမိုးင်္ဂါလေးကတော့ လိမ်မာရေးခြားရှိသလို မိဘအပေါ်မှာလဲ သိတတ်တဲ့ကလေးလေးပဲဖြစ်ပါတယ်။

မြမိုးဂင်္ဂါလေးက “သမီး ရဲ့ မွေးနေ့ မှာ ဖေဖေ နဲ့ မေမေ ကို ဆုံအောင် လုပ်ပေးချင်တယ်။ ဖေဖေ နဲ့ မေမေ က ရိုးရိုး နေ့တွေ ဆိုရင် အတူတူ မတွေ့ရဘူး။ သမီး မွေးနေ့မှာတော့ သမီး ကြိုက်တာတွေ လုပ်ပေးစေချင်တယ်” ဆိုပြီး သူမရဲ့မွေးနေ့လေးမှာ သူမိဘနှစ်ဦးနဲ့ အတူရှိချင်ကြောင်းလေးကိုပြောလာတာပဲဖြစ်ပါတယ်။

ချမ်းချမ်းနဲ့ ဘုဏ်းသိုက် တို့က တရားဝင်ကွာရှင်း ထားကြတာဖြစ်သလို မြမိုးဂင်္ဂါလေးကလဲ အဖေနဲ့အမေ့စီမှာ တစ်လှည့်စီနေနေရတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ချမ်းချမ်းက နောက်အိမ်ထောင်ပြုခဲ့ပြီး ကွယ်ဝန်လွယ်ထားရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မွေးနေ့မှာ မိဘတွေနဲ့ ဆုံချင်တဲ့ မြမိုးဂင်္ဂါလေးရဲ့ interview ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Credit ; Swel Sone News