သဘာဝလွန် အက်ရှင်ဇာတ်ကားကောင်းတွေကို ရိုက်ကူးတဲ့ မင်းသား နေထူးနိုင်ကတော့ နယ်ဘက်တွေမှာ အောင်မြင်တဲ့ မင်းသား တစ်လက်ပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်သလို ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ နေထူးနိုင်က သူ့ရဲ့ဘဝက အပူအပင်မရှိသလောက်ကို နည်းပါးလွန်းလှပါတယ်။ နေထူးနိုင်ကတော့ လက်ရှိ ဇာတ်ကားရိုက်ကူးခြင်းတွေရပ်နားထားချိန်မှာ ချစ်ရတဲ့ ဇနီးနဲ့ သားနှစ်ယောက်နဲ့သာ မိသားစုအချိန်တွေ ကုန်ဆုံးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။
မနေ့က ဇန်နဝါရီလ (၁) ရက်နေ့ကတော့ နေထူးနိုင်ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး နေထူးနိုင်က သူ့ရဲ့ မွေးနေ့မှာ တမူထူးပြီး ဘယ်မှာမှမရနိုင်တဲ့ ကိတ်လေးနဲ့ ဖြတ်သန်းခဲ့ရကြောင်း အခုလိုပဲ ပြောလာပါတယ်။ နေထူးနိုင်က “မွေးနေ့အတွက်မိန်းမကိုယ်တိုင်လုပ်ပေးတဲ့သီးစုံကိတ်🍰 တမူထူးပြီးဘယ်မှာမှ မရှိသောကိတ်လေးနဲ့ အမှတ်တရဖြစ်အောင်လုပ်ပေးတဲ့အတွက်ကျေးဇူးပါမိန်းမရေ တန်းဖိုးမဖြတ်နိုင်သောမွေးနေ့လက်ဆောင်ကိတ်လေးနဲ့ ပျော်နေသောကျွန်တော်တို့မိသားစုလေးပါ” ဆိုပြီး သူ့ရဲ့ ဇနီး မြသင်းချယ်ကိုယ်တို င်လုပ်ပေးတဲ့ ကိတ်လေးကို ပြသလာပါတယ်။
နေထူးနိုင်ကတော့ သူ့ရဲ့ မွေးနေ့မှာ ပကာသနကင်းကင်းနဲ့ မိသားစုပျော်စရာကောင်းတဲ့ အချိန်တွေကို ရရှိပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေထူးနိုင်တို့ မိသားစုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေးလိုက်ပါတယ်။
Source: Nay Htoo Naing ‘s fb
Credit – Cele Connections