


Source : Nay Chi Oo
Credit : (Cele Gabar)

ပရိသတ်ကြီးရေ ဒီနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့ကတော့ Beauty Blogger တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ နေခြည်ဦးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ် ။ ဒီနေ့မှာကျရောက်တဲ့ ချီချီရဲ့ မွေးနေ့လေးကတော့ သူမရဲ့ အသက် (၂၉) နှစ်ပြည့်မွေးနေ့ရက်မြတ်လေး ပဲဖြစ်ပါတယ် ။

ချီချီကတော့ သူမရဲ့ မွေးနေ့မတိုင်ခင်က အသက် (၂၉) နှစ်မပြည့်ခင် ဘုရားတည်ကျောင်းဆောက်ပြီး သာသနာပြုချင်တဲ့ သူမရဲ့ ဆန္ဒလေးကို အကောင်အထည်ဖော်နိုင်ခဲ့သလို ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှုကို လည်း အများကြီးရရှိခဲ့ပါတယ် ။ ဒီနေ့သူမရဲ့ မွေးနေ့လေးမှာတော့ စိန်ရွှေရတနာတွေ ခြံရံနေတဲ့ သူမရဲ့ အမိုက်စား tea party ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ဒါ့အပြင် မွေးနေ့ဆုတောင်းပေးခဲ့ကြတဲ့ သူမရဲ့ Chillies လေးတွေအားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းရေးသားထားပါသေးတယ် ။ Happy Birthday ပါ ချီချီရေ မွေးနေ့မှစပြီးနောင်နှစ်ပေါင်းများစွာထိ ချစ်တဲ့မိသားစု ၊ ချစ်တဲ့ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စွာ နေထိုင်သွားနိုင်ဖို့ ဆယ်လီကမ္ဘာကလည်း ဆုမွန်ကောင်းလေးတွေ တောင်းပေးလိုက်ပါတယ်နော် ။ ချီချီရဲ့ ပရိသတ်ကြီးတွေအတွက်လည်း သူမရဲ့ အမိုက်စား Tea Party ပုံရိပ်လေးတွေကို ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nay Chi Oo
Credit : (Cele Gabar)