ပရိသတ်ကြီးရေ ကလေး သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ နာမည်ကြီးသူလေး အကယ်ဒမီ ဆုရှင် ယွန်းယွန်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ယွန်းယွန်းကတော့ ကလေးအရွယ်လေးတည်းက အနုပညာလောကမှာ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ ရပ်တည်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်နော်.။
“ကျွန်မက နှင်းဆီပါမောင်” ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆုကို ပိုင်ဆိုင်ထားသူ ယွန်းယွန်းကတော့ ဒီကနေ့လေးမှာပဲ အသက် (၂၁) နှစ်အရွယ် မိန်းမလှလေး တစ်ယောက်ဖြစ်လာခဲ့ပါပြီနော်.။ မွေးနေ့လေးကို အလှူများပြုလုပ်ရင်းနဲ့ ပျော်ရွှင်နေရသူ ယွန်းယွန်းကတော့ မွေးနေ့မတိုင်ခင်ထဲက မွေးနေ့လက်ဆောင်လေးတွေကို ရရှိနေတာပါ.။
ဒီနေ့မှာတော့ ယွန်းယွန်းက သူမ မထင်မှတ်ထားတဲ့ မွေးနေ့လက်ဆောင်လေး ရရှိလို့ ပျော်ရွှင်ရကြောင်းလေးကို “မထင်မှတ်ထားတဲ့ လက်ဆောင်လေး” ဆိုပြီး သူမရဲ့ My Day မှာ တင်လာခဲ့ပါတယ်.။Double Dating အစီအစဉ်ထဲက သူမရဲ့ တွဲဖက် ပါတနာဖြစ်သူ မင်းသားအောင်မင်းခန့်နဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ချစ်စဖွယ်လေး ပုံထုတ်ကာ လှပစွာ ထုတ်ပိုးပြီး လက်ဆောင်လေး ရရှိခဲ့တာပါ.။
သူမရဲ့ အနုပညာလှုပ်ရှားမှုတွေထဲကမှ အမှတ်ရစရာဖြစ်အောင် အမှတ်တရလေးအဖြစ် ဖန်တီးကာ ပို့ပေးခဲ့တဲ့လက်ဆောင်လေးမို့ ယွန်းယွန်းတစ်ယောက် တန်ဖိုးထားကာ ပျော်ရွှင်နေတဲ့ပုံပါပဲနော်..ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိ်ုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source: Yoon Yoon’s Facebook
Credit ; (Cele Active World)