


Credit ; MM load

ချစ်ပရိသတ်ကြီးရေ…… ဇာတ်ပို့သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ ယွန်းရွှေရည်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေထဲမှာပါဝင်သရုပ်ဆောင်ရင်း အောင်မြင်မှုတွေရရှိခဲ့တာ ဖြစ်ပါတယ်နော်….။ ယွန်းရွှေရည်ဟာဆိုရင် အနုပညာအလုပ်တွေကို ဆယ်စုနှစ်နီးပါးလောက် လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်ကာ ထူးချွန်တဲ့အနုပညာရှင် တစ်ယောက်ဖြစ်တာကြောင့် ယခုချိန်ထိ ပရိတ်သတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်နော်….။အနုပညာလှုပ်ရှားမှုတွေ သိပ်မလုပ်ဖြစ်သေးပေမယ့် ပရိသတ်တွေကတော့ သူမကို ခုချိန်ထိ ချစ်ခင်အားပေး လက်ခံနေကြတုန်းပဲ ဖြစ်ပါတယ်။

သူမကတော့ သရုပ်ဆောင် အပြင် သီချင်းလည်း ဆိုတတ်သူ ဖြစ်ကာ ယဉ်ကျေးမှု တက္ကသိုလ်မှာလည်း ဂီတ နဲ့ကျောင်းပြီးထားသူလေး ပဲဖြစ်ပါတယ်။ မကြာခဏဆိုသလိုပဲ Live လွှင့်ကာ ပရိသတ်တွေနဲ့ စကားပြောသလို Live Sale တွေမှာလည်း တွေ့ရတတ်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ် ရှိနေသူလေး ဖြစ်ပါတယ်။ ယွန်းရွှေရည်ဟာ ချစ်စရာကောင်းတဲ့ ဟာသ Tik Tok လေးတွေလည်း ဆော့ကစားတတ်လေ့ရှိပြီး ပရိသတ်တွေ အတွက်တင်ပေးလေ့ရှိတာလည်းဖြစ်ပါတယ်။

ယွန်းရွှေရည်ကတော့ အနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလေ့ရှိသူ ဖြစ်ပြီး ကြော်ငြာတွေကိုလက်ခံရိုက်ကူးနေတဲ့ သူလေး ဖြစ်ပါတယ်။လက်တလောမှာတော့ သူမရဲ့ ဟာသ Tik Tok လေး တစ်ခုကို ပရိသတ်တွေ အတွက် တင်ပေးလာတာ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ ဟန်ပန် အမူအရာလေးတွေနဲ့ ဆော့ကစားထားတဲ့ Tik Tok ဗီဒီယိုလေးကို ချစ်ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေ ပေးလိုက်တာမို့ ယွန်းလေးကို အားပေးသွားကြပါအုံး……။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နော်……။

Source ; Yoon Shwe Yi Tik Tok Account
Credit ; MM load