ပရိတ်သတ်ကြီးရေ နာမည်ကျော် မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)ဟာ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင် အဖြစ်နဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားသူ တစ်ဦးပါ ။သုသုလို့ ချစ်စနိုးခေါ်ကြတဲ့ ညီညီမောင်(စမ်းချောင်း)ဟာ နောက်ပိုင်းမှာ မိတ်ကပ်ဖန်တီးရှင်အပြင် အနုပညာအလုပ်တွေပါ ပါဝင်လုပ်ကိုင်လာတာလည်းတွေ့ရပါတယ်။

ပရိသတ်တွေရယ်မောပျော်ရွှင်စေကာ ချစ်စရာကောင်းပြီး စိတ်ထားပွင့်လင်းတဲ့ သုသုလေးရဲ့ အခွီဗီဒီယိုဖိုင်လေးတွေကိုတော့ ပရိသတ်တွေကလည်း သဘောကျနေကြပြီး အားပေးကြည့်ရှုသူများပြားကာ ပရိသတ်တွေကြား အမြဲရေပန်းစားနေတာလည်း တွေ့ရပါတယ်နော်။

လတ်တလောမှာတော့ သုသုက ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သတ်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ကာ ကောင်းမွန်တဲ့ အနာဂတ်အတွက်ရင်ဆိုင်နေတာဖြစ်ပြီး နေ့စဉ်နေ့တိုင်း လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေတာဖြစ်ပါတယ်။ဒီနေ့လည်း မြင်နေကျပုံစံတွေနဲ့အတူဘဲ ယောင်္ကျားဆန်ဆန် ဝတ်စုံအပြည့်ဝတ်ဆင်ကာ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

Credit – Cele Zone
Photo – Cele Gabar