Credit – Cele Zone
Photo – May Myint Mo
ပရိတ်သတ်ကြီးရေ မေမြင့်မိုရ်က တော့ အနုပညာလောကမှာ အချိန်အတိုအတွင်း အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေထဲကနေ ပါဝင်သရုပ်ဆောင်ရင်း အနုပညာနယ်ပယ်မှာ စတင်လျှောက်လှမ်းခဲ့ပြီး လက်ရှိမှာတော့ သူမ ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။
မေမြင့်မိုရ် ဟာ သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ရိုးရှင်းအေးချမ်းတဲ့ မြန်မာဆန်ဆန် အလှတရားတွေကြောင့် မိန်းကလေးတွေအပြင် ယောကျ်ားလေးပရိသတ်တွေရဲ့ အားပေးဝန်ရံခြင်းကိုခံနေရသူပါ ။ ဒါ့အပြင် မေမြင့်မိုရ်က အနုပညာလှုပ်ရှားမှုတွေအပြင် ချစ်စရာပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို အမြဲဆိုသလို ပရိသတ်တွေအတွက် ဖော်ပြပေးလေ့ရှိပါတယ်။
ပရိသတ်တွေကလည်း မေကိုချစ်ကြလို့ အမြဲစောင့်ကြည့်အားပေးနေတာပါနော်။ အခုလည်း tik tok မှာရေပန်းစားနေတဲ့ ဗီဒီယိုလေးကို ချစ်စရာအမူအရာလေးတွေအပြည့်နဲ့ အမိုက်စားပြန်လည်ဆော့ပြထားတဲ့ ဗီဒီယိုလေးကိုဝေမျှလာတာဖြစ်ပါတယ်။ ဗီဒီယိုလေးဟာ အခါခါပြန်ကြည့်ချင်ရလောက်အောင် ချစ်စရာကောင်းလွန်းနေတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Credit – Cele Zone
Photo – May Myint Mo