Idiots အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဆိုတော် ရေမွန် ကတော့ ဇွန်လ (၂၃) ရက်နေ့မှာ ရုတ်တရက် ကွန်လွန်ခဲ့တာဖြစ်ပါတယ် ။ အစာအိမ်သွေးကြောပေါက်ပြီး ရုတ်တရက် ကွယ်လွန်သွားတယ်လို့ လည်း ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေက ဖေ့ဘွတ် စာမျက်နှာတွေထက်မှာ ရေးသားထားတာတွေ့ရပါတယ် ။ အရည်အချင်းရှိတဲ့ အဆိုတော်ကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အပေါ် အနုပညာရှင် အသိုင်းအဝိုင်းတစ်ခုလုံး စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါ တယ်။

မကြာခင်နာရီပိုင်းလောက်က နိုဗန်ထူးကလည်း သူရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေမွန်နဲ့ပတ်သက်ပြီးအမှတ်ရစရာလေးတစ်ခုကိုဝမ်းနည်းကြေကွဲစွာ ရေးသားဖော်ပြလာပါတယ် ။ ” ငါ့အကို​စီးခဲ့တဲ့ ဖိနပ်ရခွေးကိုက်ယာလေးနဲ့တရက်သူတုတ်ထိုးစားတော့ ပြတ်သွားတော့ကျွန်တော်နဲ့သူအတူတူပြင်ခဲ့လိုက်သေးတယ်။ Legend ကတော့ Legend ပါဘဲ။ လူကအဓိကဘဲ။ ရင်နာတယ် ။ “ဆိုတဲ့ အကြောင်းလေးပဲဖြစ်ပါ တယ် ။

ဒါ့အပြင် ရေမွန်နဲ့ နောက်ဆုံး ပြောခဲ့တဲ့ စာလေးကိုလည်း ရေးသားဖော်ပြထားပါသေးတယ် ။ ” ဒါက မဆုံးခင် နောက်ဆုံးပို့တဲ့ စာလေး။ နောက်ကလိုက်လာတဲ့တစ်နေ့ wifi စက်ယူလာပြီး Hello လိုက်မယ်။ မလိုက်လာခင်တော့ အမေနဲ့ညီမကိုကျွန်တော်ဆက်စောင့်ရှောက်လိုက်ပါမယ်။ စိတ်ဖြောင့်ဖြောင့်နဲ့ဘဲချန်ခဲ့လိုက်ပါ။ အဲ့ဒီအပြင်ငါ့အကိုအတွက်ဒီမိုကရေစီရဖို့ သွေးကြွေးပါဆပ်မယ်။ ” လို့ဆိုကာသူရဲ့ ခံစားချက်တွေ ကိုရေးသားထားရာ ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit – Cele Zone

Photo – Noven Htoo

Idiots အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ အဆိုေတာ္ ေရမြန္ ကေတာ့ ဇြန္လ (၂၃) ရက္ေန႔မွာ ႐ုတ္တရက္ ကြန္လြန္ခဲ့တာျဖစ္ပါတယ္ ။ အစာအိမ္ေသြးေၾကာေပါက္ၿပီး ႐ုတ္တရက္ ကြယ္လြန္သြားတယ္လို႔ လည္း ခင္မင္ရင္းႏွီးတဲ့ မိတ္ေဆြေတြက ေဖ့ဘြတ္ စာမ်က္ႏွာေတြထက္မွာ ေရးသားထားတာေတြ႕ရပါတယ္ ။ အရည္အခ်င္းရွိတဲ့ အဆိုေတာ္ေကာင္းတစ္ေယာက္ ဆုံးရႈံးလိုက္ရတဲ့အေပၚ အႏုပညာရွင္ အသိုင္းအဝိုင္း တစ္ခုလုံး စိတ္မေကာင္းျဖစ္ေနၾကတာ ျဖစ္ပါတယ္။

မၾကာခင္နာရီပိုင္းေလာက္က နိုဗန္ထူးကလည္း သူရဲ့လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ေရမြန္နဲ႔ပတ္သက္ၿပီးအမွတ္ရစရာေလးတစ္ခုကိုဝမ္းနည္းေၾကကြဲစြာ ေရးသားေဖာ္ျပလာပါတယ္ ။ ” ငါ့အကို​စီးခဲ့တဲ့ ဖိနပ္ရေခြးကိုက္ယာေလးနဲ႔တရက္သူတုတ္ထိုးစားေတာ့ ျပတ္သြားေတာ့ကၽြန္ေတာ္နဲ႔သူအတူတူျပင္ခဲ့လိုက္ေသးတယ္။ Legend ကေတာ့ Legend ပါဘဲ။ လူကအဓိကဘဲ။ ရင္နာတယ္ ။ “ဆိုတဲ့ အေၾကာင္းေလး ပဲျဖစ္ပါတယ္ ။

ဒါ့အျပင္ ေရမြန္နဲ႔ ေနာက္ဆုံး ေျပာခဲ့တဲ့ စာေလးကိုလည္း ေရးသားေဖာ္ျပထားပါေသးတယ္ ။ ” ဒါက မဆုံးခင္ ေနာက္ဆုံးပို႔တဲ့ စာေလး။ ေနာက္ကလိုက္လာတဲ့တစ္ေန႔ wifi စက္ယူလာၿပီး Hello လိုက္မယ္။ မလိုက္လာခင္ေတာ့ အေမနဲ႔ညီမကိုကၽြန္ေတာ္ဆက္ေစာင့္ေရွာက္လိုက္ပါမယ္။ စိတ္ေျဖာင့္ေျဖာင့္နဲ႔ဘဲခ်န္ခဲ့လိုက္ပါ။ အဲ့ဒီအျပင္ငါ့အကိုအတြက္ဒီမိုကေရစီရဖို႔ ေသြးေႂကြးပါဆပ္မယ္။ ” လို႔ဆိုကာသူရဲ့ ခံစားခ်က္ေတြကိုေရး သားထားရာ ပရိသတ္ႀကီးလည္းၾကည့္ရႈနိုင္ေစရန္ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္ ။

Credit – Cele Zone

Photo – Noven Htoo