ရေမွန်ဟာ ဇွန် ၂၃ ရက်မနက်ပိုင်း က အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ရေမွန်ရဲ့နောက်ဆုံးခရီးလေးကိုတောင်လိုက်မပို့ပေးနိုင်တဲ့ ရေမွန်ရဲ့ချစ်သူကောင်မလေးဟာဆိုရင် ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတာပဲဖြစ်ပါတယ်နော်..။ဒါ့အပြင်လည်း ချစ်သူရေမွန်ရဲ့ကျန်ရစ်ခဲ့တဲ့မိသားစုဆီမှ Hot Pot ဖိုးပိုက်ဆံ (၃)သိန်းနဲ့ဖုန်းပြန်တောင်းတဲ့ကိစ္စဟာအွန်လိုင်းပေါ်မှာသတင်းထွက်ပျံ့နှံ့နေခဲ့ပါတယ် ပရိတ်သတ်ကြီးရေ…။

အဲ့ဒီလိုသတင်းတွေထွက်ပေါ်နေတဲ့အတွက်ရေမွန်ကိုချစ်တဲ့အမာခံပရိတ်သတ်တွေကလည်း တော်တော်လေးကိုမခံမရပ်နိုင်ဖြစ်ပြီးပေါက်ကွဲနေကြတာကိုလည်းတွေ့မြင်ရပါသေးတယ်နော်။အဲ့လိုသတင်းတွေထွက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရေမွန်ရဲ့ချစ်သူကောင်းမလေးကေကအခုလိုပဲပြန်လည်ပြောပြလာခဲ့တာပဲဖြစ်ပါ တယ်နော်..။

ကေက”ကေ့ပိုက်ဆံလည်းမဟုတ်ပါဘူး အဲ့ ၃သိန်းကကေလည်း မတောင်းမိပါဘူးတကယ့် လူရင်းတွေပါ ကေ့ ပေါ် အထင်လွဲ တာ သိရတော့ တကယ်စိတ်မကောင်းဘူးသိချင်ရင် လာမေးလို့ရပါတယ်… အသံဖိုင်လည်း ရှိပါတယ် ဖုန်းတောင်းတယ်ဆိုတာလည်း သူ့ညီမလေးဆီက ၁ရက်ပဲတောင်းတာပါ နှစ်ယောက် ဓါတ်ပုံနဲ့ video လေး တွေကူးချင်လို့ပါ.ရက်တောင်မလည်သေးဘူး ဒါမျိုးတွေ တောက်လျောက်ဖြစ်နေတဲ့ အတွက် တကယ်စိတ်မကောင်းပါဘူး အခု ဒီကိစ္စမှာ အထင်လွဲသွားရင် အန်တီရော ညီမလေးရော band က သူတွေကော အကုန်လုံးကို ကေ အားနာပါတယ်…”ဆိုပြီးသူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။အမှန်တရားတစ်ခုဟာဘာလည်းဆိုတာတော့ ကာယကံရှင်တွေမှလွဲပြီးဘယ်သူမှမသိနိုင်ပါဘူးနော်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင် ရှိပါတယ်။

Source ; Katherine Thann Facebook Acc

Credit ; Celebrity Platforms




