


Credit– Cele Zone
Photo – May

ပရိတ်သတ်ကြီးရေ နွေဦးတော်လှန်ရေးလို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံရဲ့ ဆန္ဒထုတ်ဖော်ပွဲကြီးဟာ အရှိန်အဟုန်ကောင်းလာတာတာနဲ့အမျှ ပြည်သူတွေရဲ့ အသက်အဆုံးအရှုံးမှုတွေလည်း များစွာထွက်ပေါ်လျက်ရှိပါတယ်။အသက်ပေးသွားကြတဲ့ လူငယ်အများစုကိုလည်း အားလုံးကနှ မျောတသဖြစ်ကာဝမ်းနည်းကြေကွဲကြသလို ကူညီကာလှူဒါန်းမှုတွေလည်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုအဆုံးအရှုံးတွေကြားကနေပဲ ပြည်သူအားလုံးကနောက်မဆုတ်ဘဲ ရှေ့ဆက်တိုးကာ ရဲရဲဝင့်ဝင့်လှုပ်ရှားမှုတွေမှာပါဝင်နေကြတာလည်းဖြစ်ပါတယ်။ ရှေ့တန်းကနေ အသက်ဆုံးရှုံးမှာကိုမမူဘဲ ဖြိုခွင်းခုခံပေးနေတဲ့ သူရဲကောင်းတွေကိုလည်း အနုပညာရှင်တွေအပြင် နီးစပ်ရာပြည်သူတွေကလည်း တတ်နိုင်သလောက် အကူအညီထောက်ပံ့မှုတွေများစွာပေးကာ စည်းလုံးညီညွတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

အခုလည်းမေက ရှေ့တန်းကနေတိုက်ပွဲဝင်နေတဲ့သူရဲကောင်းလေး အန္တရာယ်ကင်းစေရန် လိုအပ်တဲ့ကာကွယ်ရေးပစ္စည်းများကိုလှူဒါန်းဖြစ်ခဲ့ကြောင်းပုံလေးတွေနဲ့တကွ” မနေ့က frontliner တွေ အတွက် ကာကွယ်ရေးသုံးပစ္စည်းလေးတွေ လှူဖြစ်ခဲ့ပါတယ်.. မြောက်ဥက္ကလာ လှိုင် နဲ့ တာမွေ အတွက် အယောက် ၄ဝစာ လှူဖြစ်ခဲ့ပါတယ်.. ပါဝင် လှူဒါန်းပေးကြသူများကို ကျေးဇူးတင်ပါတယ်.. မြောက်ဥက္ကလာက ကျဆုံးသွားတဲ့သူတွေအတွက် အလှူငွေစာရင်းလဲ ပိတ်လိုက်ပါပြီ.. အခြေအနေတွေအရ သွားလို့မရသေးလို့ အဆင်ပြေမယ့်တစ်ရက် သွားလှူပါမယ်.. တကယ်ချို့တဲ့ပြီး လိုအပ်မယ် ထင်တဲ့သူတွေကို comment မှာမေ့ကို ပြောထားပေးပါနော်.. အားလုံးပဲ ဂရုစိုက်ကြပါ…အရေးတော်ပုံ အောင်မည်”ဆိုတဲ့စာလေးကိုဖော်ပြထားရာပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit– Cele Zone
Photo – May