


Credit : (Cele Gabar)

ချစ်လှစွာသော ပရိသတ်ကြီးရေ The Voice Myanmar ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ခင်ရတနာစိုးကတော့ လက်ရှိပြိုင်ပွဲဝင်တွေထဲမှာ ပရိသတ်အားပေးမှု အများဆုံး ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သလို အရည်အချင်းပြည့်ဝတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီကနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့မှာတော့ ခင်ရတနာစိုးအတွက် Winner ရယူနိုင်ဖို့ ပရိသတ်အချို့က ကြိုးစားခဲ့ကြပါတယ်.. ။

ယနေ့မှာ ရွှေကျင် မြို့သူ မြို့သားများ ရဲ့ ဝန်းရံမှုအနေနဲ့ တေးသံရှင် ခင်ရတနာစိုး Winner ရယူနိုင်ရန်အတွက် နဲ့ ပရိသတ်များအားပေးသော Voting များများ ရရှိစေရန် ရည်ရွယ်ပြီး မြို့အတွင်း လှည့်လည်ကာ နှိုးဆော်အ သိပေးခြင်းများ ပြုလုပ်ခဲ့ကြပါတယ် ။ပရိသတ်တွေရဲ့ အားပေးကြမ်းမှုကတော့ ကြောက်ခမမ်း လိလိပါပဲ ။ရွှေကျင် မြို့သူမြို့သားတွေအားလုံး တက်ညီလက်ညီ လှည့်လည် နှိုးဆော်ပြီး ခင်ရတနာစိုး အနိုင်ရရှိဖို့ကြိုးစားခဲ့ကြတာ ပါ.. ။

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကြောင့် တေးသံရှင် ခင်ရတနာစိုးတစ်ယောက်လည်း ကြည်နူးဝမ်းသာနေမှာအမှန်ပါပဲ ။ ပရိသတ်တွေအတွက် ခင်ရတနာစိုးက ကြိုးစား ယှဉ်ပြိုင်နေသလို ပရိသတ်တွေကလည်း ခင်ရတနာစိုးအတွက် ကြိုးစားပမ်းစား Voting များများရဖို့ကြိုးစားနေကြတဲ့ မြင်ကွင်းလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..

Source : We Love Khin Yadanar Soe
Credit : (Cele Gabar)