


Credit – Cele Zone
Photo – Soe Myat Nandar

အသက်လေးဆယ်ကျော် အရွယ်အမျိုးသမီးတစ်ယောက်ရဲ့ ဝင့်ကြွားတဲ့အလှတရားတွေကို သပ်သပ်ရပ်ရပ်ပုံဖော်ပြနိုင်ခဲ့တဲ့ စိုးမြတ်နန္ဒာရဲ့ ရွှေရောင်ဝင်းလက်တဲ့ပုံရိပ်တွေကို ပရိသတ်တွေက အရမ်းသဘောကျနေခဲ့ပါတယ်။ အပြုံးချိုချိုမျက်နှာထားလေးဟာ ဘယ်အသက်အရွယ်ပဲရောက်ရောက် ဒီပုံစံ အတိုင်းလေးပဲမို့ အားလုံးကအချစ်ပိုနေရသူလေးပါပဲ။

ဘစိုးရဲ့ချစ်ခြင်းမေတ္တာတွေကြောင့်လည်း သူမရဲ့ဘဝကပိုပြီးနေပျော်စရာကောင်းလာ ခဲ့ပါတယ်။ ချစ်ရတဲ့သားလေးဟာလည်း မေမေအားကိုးရတဲ့လူတော်လူကောင်းလေးတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဘစိုးနဲ့အတူ အလှူတွေလုပ်သလို တရားဘွာဝနာလည်း ပွားများရင်း ချစ်ခြင်းမေတ္တာတွေလည်း ပိုပြီးနှောင်တွယ်လာခဲ့ပါတယ်။

အချစ်ဆိုတာအသက်အရွယ်မရွေးပေါက်ဖွားနိုင်သလို ပျော်စရာကောင်းတဲ့ ချစ်ခြင်းတရားကို ဖန်တီးနိုင်ခဲ့ပြီဆိုရင် ပျော်ရွှင်ကြည်နူး ရမှုကြောင့်အချိန်တိုင်းနုပျိုနေသလိုပါပဲ။ ဒါဒါ့ရဲ့ အလှတရားတွေဟာလည်း ဘစိုးရဲ့ဂရုစိုက်မှုကြင်နာမှုတွေကြောင့် ပိုပြီးတောက်ပနေတယ်ဆိုတာ ဒီပုံလေးတွေက သက်သေပြနေ ပါတယ်။

Credit – Cele Zone
Photo – Soe Myat Nandar