ပရိတ္သတ္ၾကီးေရ သ႐ုပ္ေဆာင္ မင္းသမီး ဝါဆိုမိုးဦးကေတာ့ အႏုပညာေလာကမွာ ကေလးဘဝကတည္းက ဗီဒီယိုဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြ ရင္းႏွီးခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။စိတ္သေဘာထားျပည့္ဝၿပီး လူတိုင္းအေပၚမွာလည္း ကူညီလိုစိတ္ရွိတာေၾကာင့္ လူတိုင္းရဲ့ ခ်စ္ခင္အားေပးမႈေတြကို ရရွိထားတာလည္း ျဖစ္ပါတယ္။ ဝါဆိုကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ တက္တက္ႂကြႂကြ ပါဝင္လႈပ္ရွားေနတာလည္း ျဖစ္ပါတယ္။

ခ်စ္သူၿဖိဳးေလး နဲ႔အတူ ေန႔စဥ္လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ေန႐ုံမဟုတ္ဘဲ ညပိုင္းမွာလည္း ရပ္ကြက္ထဲသို႔ လူစိမ္းေတြ ဝင္မလာ​ေစရန္ႏွင့္ ျပည္သူမ်ား လုံျခဳံမႈရွိစြာ အိပ္စက္အနားယူနိုင္ေအာင္ ကင္းေစာင့္ေပးေနတာလည္း ျဖစ္ပါတယ္။ဒီလိုက်ရာအခန္းက႑ကေန ပူးေပါင္းပါဝင္ အားျဖည့္ေဆာင္ရြက္ေပးေနတဲ့ ဝါဆိုကိုေတာ့ပရိသတ္ေတြက ေလးစားၿပီးရင္း ေလးစားေနၾကတာပါ။ မၾကာေသးခင္ မိနစ္ပိုင္းေလာက္ကလည္း သူမရဲ့ လူမႈကြန္ယက္စာမ်က္ႏွာမွာ ကိစၥတစ္ခုေၾကာင့္ စိတ္မေကာင္းျဖစ္ေနေၾကာင္းကို ေရးသားထားတာပဲ ျဖစ္ပါတယ္။

ဒါကေတာ့ အခုလိုအခ်ိန္မွာေသြးအရမ္းလႉခ်င္ေပမယ့္လည္းေသြးေပါင္ခ်္ိန္မျပည့္လို႔လႉခြင့္မရတဲ့အတြက္ ဝမ္းနည္းေနတာပဲ ျဖစ္ပါတယ္။ သူမကလည္း ” အခုလိုအခ်ိန္မွာေသြးအရမ္းလႉခ်င္တာပဲေသြးေပါင္ခ်ိန္ အျမဲ ၁၀၀ ေတာင္မျပည့္တဲ့ကိုယ့္ေသြး ဒီလိုခ်ိန္မွာ အေသမုန္းတယ္ 😔😔😔” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းေလးကို တစ္ဆင့္ျပန္လည္ကူးယူတင္ဆက္ေပးလိုက္ရပါတယ္။ သင့္ရဲ့ေသြးနဲ႔ အသက္ကယ္ခ်င္တဲ့ ျပည္သူေတြအတြက္လည္း မနက္ ၉ နာရီမွ ညေန (၅) နာရီအထိ အမ်ိဳးသားေသြးလႉဘဏ္တြင္ သြားေရာက္လႉဒါန္းနိုင္ေၾကာင္း သတင္းေပးလိုက္ပါရေစေနာ္။

Credit; Celethatin

ပရိတ်သတ်ကြီးရေ သရုပ်ဆောင် မင်းသမီး ဝါဆိုမိုးဦးကတော့ အနုပညာလောကမှာ ကလေးဘဝကတည်းက ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ ရင်းနှီးခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။စိတ်သဘောထားပြည့်ဝပြီး လူတိုင်းအပေါ်မှာလည်း ကူညီလိုစိတ်ရှိတာကြောင့် လူတိုင်းရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ ဝါဆိုကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။

ချစ်သူဖြိုးလေး နဲ့အတူ နေ့စဉ်လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေရုံမဟုတ်ဘဲ ညပိုင်းမှာလည်း ရပ်ကွက်ထဲသို့ လူစိမ်းတွေ ဝင်မလာ​စေရန်နှင့် ပြည်သူများ လုံခြုံမှုရှိစွာ အိပ်စက်အနားယူနိုင်အောင် ကင်းစောင့်ပေးနေတာလည်း ဖြစ်ပါတယ်။ဒီလိုကျရာအခန်းကဏ္ဍကနေ ပူးပေါင်းပါဝင် အားဖြည့်ဆောင်ရွက်ပေးနေတဲ့ ဝါဆိုကိုတော့ပရိသတ်တွေက လေးစားပြီးရင်း လေးစားနေကြတာပါ။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ကိစ္စတစ်ခုကြောင့် စိတ်မကောင်းဖြစ်နေကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ အခုလိုအချိန်မှာသွေးအရမ်းလှူချင်ပေမယ့်လည်းသွေးပေါင်ချ်ိန်မပြည့်လို့လှူခွင့်မရတဲ့အတွက် ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။ သူမကလည်း ” အခုလိုအချိန်မှာသွေးအရမ်းလှူချင်တာပဲသွေးပေါင်ချိန် အမြဲ ၁၀၀ တောင်မပြည့်တဲ့ကိုယ့်သွေး ဒီလိုချိန်မှာ အသေမုန်းတယ် 😔😔😔” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်။ သင့်ရဲ့သွေးနဲ့ အသက်ကယ်ချင်တဲ့ ပြည်သူတွေအတွက်လည်း မနက် ၉ နာရီမှ ညနေ (၅) နာရီအထိ အမျိုးသားသွေးလှူဘဏ်တွင် သွားရောက်လှူဒါန်းနိုင်ကြောင်း သတင်းပေးလိုက်ပါရစေနော်။

Credit; Celethatin

Leave a Comment

Your email address will not be published. Required fields are marked *