ပရိတ္သတ္ႀကီးေရ… ျပည္သူခ်စ္သ႐ုပ္ေဆာင္နန္းျမတ္ၿဖိဳးသင္းကေတာ့ ျမန္မာႏိုင္ငံတြင္ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈမွာ ပါဝင္ခဲ့သူတစ္ဦးပဲျဖစ္ပါတယ္။ကိုယ္ဝန္ေဆာင္ေနစဥ္ကာလျဖစ္တာေၾကာင့္ အမ်ားနည္းတူ လမ္းေပၚထြက္ကာ ရင္ထဲက ဆႏၵအမွန္ေတြကို ထုတ္ေဖာ္ျပသခြင့္မရေပမယ့္လည္း လူမႈကြန္ယက္မွတစ္ဆင့္ သတင္းအခ်က္အလက္ေတြကို ေဝမၽွေပးခဲ့သူပဲ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ (၁၅) ရက္ေန႔မွာေတာ့ ခ်စ္စရာေကာင္းတဲ့ သမီးေခ်ာေလးကို အခက္အခဲေတြၾကားကေန ေအာင္ျမင္စြာနဲ႔ ေမြးဖြားခဲ့တာပါ။မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း သူမရဲ့ လူမႈကြန္ယက္စာမ်က္ႏွာတြင္ စိတ္ရႈပ္ေထြးစရာေတြမ်ားတဲ့ၾကားတည္းကေန သတိတရနဲ႔သတင္းလွမ္းေမးၾကသူေတြအား ေက်းဇူးတင္တဲ့အေၾကာင္းကို ေရးသားေဝမၽွထားတာပဲ ျဖစ္ပါတယ္။ ” Facebook ျပန္သုံးပါေတာ့မယ္

ေမေမကေတာ့ေသြးႏုသားႏုနဲ႔၄၅ရက္မသုံးဖို႔ေျပာေပမယ့္မေနနိုင္ေတာ့လို႔ျပန္သုံးပါေတာ့မယ္သမီးေလးလည္း ေနေကာင္းက်န္းမာပါတယ္စိတ္ရႈပ္ေထြးစရာေတြၾကားထဲကသတိတရသတင္းလွမ္းေမး လက္ေဆာင္ေလးေတြပို႔ေပးတဲ့ခ်စ္မိတ္ေဆြမ်ားကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္နိုင္ပြဲရပီးအားလုံးေပ်ာ္ရတဲ့ခ်ိန္မွပဲpostတင္ပီးေက်းဇူးတင္ရပါဦးမယ္ခုေတာ့တိုက္ပြဲကာလဆက္ႀကိဳးစားၾကပါဦးမည္#အေရးေတာ္ပုံေအာင္ရမည္ ” ဆိုၿပီး ေရးသားလာတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းေလးကို တစ္ဆင့္ ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Nann Myat Phyo Thinn’s Facebook Account
Credit…..

ပရိတ်သတ်ကြီးရေ… ပြည်သူချစ်သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းကတော့ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်နေစဉ်ကာလဖြစ်တာကြောင့် အများနည်းတူ လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တွေကို ထုတ်ဖော်ပြသခွင့်မရပေမယ့်လည်း လူမှုကွန်ယက်မှတစ်ဆင့် သတင်းအချက်အလက်တွေကို ဝေမျှပေးခဲ့သူပဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာတော့ ချစ်စရာကောင်းတဲ့ သမီးချောလေးကို အခက်အခဲတွေကြားကနေ အောင်မြင်စွာနဲ့ မွေးဖွားခဲ့တာပါ။မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် စိတ်ရှုပ်ထွေးစရာတွေများတဲ့ကြားတည်းကနေ သတိတရနဲ့သတင်းလှမ်းမေးကြသူတွေအား ကျေးဇူးတင်တဲ့အကြောင်းကို ရေးသားဝေမျှထားတာပဲ ဖြစ်ပါတယ်။ ” Facebook ပြန်သုံးပါတော့မယ်

မေမေကတော့သွေးနုသားနုနဲ့၄၅ရက်မသုံးဖို့ပြောပေမယ့်မနေနိုင်တော့လို့ပြန်သုံးပါတော့မယ်သမီးလေးလည်း နေကောင်းကျန်းမာပါတယ်စိတ်ရှုပ်ထွေးစရာတွေကြားထဲကသတိတရသတင်းလှမ်းမေး လက်ဆောင်လေးတွေပို့ပေးတဲ့ချစ်မိတ်ဆွေများကိုကျေးဇူးအများကြီးတင်ပါတယ်နိုင်ပွဲရပီးအားလုံးပျော်ရတဲ့ချိန်မှပဲpostတင်ပီးကျေးဇူးတင်ရပါဦးမယ်ခုတော့တိုက်ပွဲကာလဆက်ကြိုးစားကြပါဦးမည်#အရေးတော်ပုံအောင်ရမည် ” ဆိုပြီး ရေးသားလာတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Nann Myat Phyo Thinn’s Facebook Account
Credit…..

Leave a Comment

Your email address will not be published. Required fields are marked *