ပြည်သူချစ် မင်းသမီးချောလေး ခေးဆက်သွင်ကတော့ သရုပ်ဆောင် တစ်ယောက်ပီပီ ကျရာဇာတ် ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ်တာကြောင့် ပရိသတ်တွေကြားမှာ ကောင်းသတင်းမွှေး သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်ပေမယ့် သူမရဲ့ အပြင်လက်တွေ့က ပုံစံကတော့ ရိုးရှင်းပြီး လွတ်လပ်ပေါ့ပါးစွာေ နထိုင်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ခေးဆက်သွင်ရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် လက်တွေ့ဘဝက နေထိုင်မှုပုံစံကိုလည်း ချစ်ကြတာပဲ ဖြစ်ပါတယ်။

လွတ်လပ်စွာနေတတ်သလို ပတ်ဝန်းကျင်က သူငယ်ချင်းတွေကိုလည်း မိသားစုအရင်းလိုချစ်တဲ့ ခေးဆက်သွင်က ဒီကနေ့မှာတော့ သူမရဲ့ အောက်ခြေသိမ်းအလုပ်တွေကအစ လုပ်ပေးဖို့ ဝန်မလေးတဲ့ သူငယ်ချင်းလေးအကြောင်းကို ပြောပြလာပါတယ်။ “ခင်မင်မှု 8နှစ်ကျော် 9နှစ်ကာလအတွင်း သတ်လည်း သတ်ဖူးပါတယ်။ အတင်းလည်းပြောဖူးကြပါတယ် (ဂရုဏာဒေါသဖြင့်) မခေါ်မပြောလည်း လုပ်ဖူးကြတယ်။ မိန်းကလေးသဘာဝ စိတ်ဆိုးစိတ်ကောက် ခဏခဏ(သူ့ချည်းပဲကောက်တာပါ ကိုယ်ကကောက်ရတယ်မရှိ) အနစ်နာခံတာလည်း သူ့အပြင်နှစ်ယော က်မရှိသူငယ်ချင်းဆိုတာထက် ညီအမဖြစ်နေပြီ။ မမခေးကိုထိတာနဲ့ မီးပွင့်သွားမယ် ဆိုတဲ့သူမျိုး”

“ဘဝမှာ မအောင်မြင်ခင်ကတည်းက ​နှစ်ယောက် အတူတူ ငိုတစ်လှည့်ရယ်တစ်လှည့် ဖြတ်သန်းပေးတဲ့သူ။ မနာလိုခြင်း ပြိုင်ဆိုင်ခြင်း သိမ်ငယ်ခြင်း အလျင်းမရှိ။ မမခေးအတွက်ဆို အောက်ခြေ သိမ်းကအစ လုပ်ပေးဖို့ မရှက်မကြောက်။ ကိုယ်ကလည်း သူ့အတွက်ဆို ဘာပစ္စည်းလေးပဲ ဝယ်ဝယ် ကိုယ်တစ်ခုဆို သူတစ်ခု ဆင်ပေးဖို့၊ စိတ်ကောက်ရင်ချော့ဖို့၊ မှားနေရင် အမှန်ပြင်ပေးဖို့၊ သူ့အသံကြားတာနဲ့ ဘာဖြစ်နေလဲဆိုတာ တန်းသိလောက်အောင် ချစ်ဖို့ မမေ့ခဲ့တာလည်း ပါတာပေါ့နော်။ သူငယ်ချင်းဆိုတာ လူနှစ်ကိုယ် စိတ်တစ်ခုတည်းမို့ အသက်ကြီးတဲ့ ထိ ခွီရင်း ငိုရင်း ရယ်ရင်း စိတ်ကောက်ကြရင်း ဒွန့်ကြရင်း အတူတူရှိမယ်နှော့ အမီစိန်😍😍” ဆိုပြီး သူငယ်ချင်းလေး အကြောင်းကို ပြောလာပါတယ်။

ခေးဆက်သွင်ကတော့ သူမအပေါ် အရမ်းချစ်ပြီး ဂရုစိုက်သလို သူမကလည်း အရိပ်တကြည့်ကြည့်နဲ့ ချစ်ရတဲ့ သူငယ်ချင်း ညီအစ်မတစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးမှာရော ခေးဆက်သွင်လိုမျိုး လူနှစ်ကိုယ် စိတ်တစ်ခုတည်းဆိုတဲ့ သူငယ်ချင်းမျိုးရှိလား ပြောပြခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်။

Source:Khay Sett Thwin’s fb
Credit – Cele Connections