


Source : Htoo Khant
Credit ; (Yaung Chi)

အချစ်ကို သစ္စာမေတ္တာတွေနဲ့ ကျားကန်ပြီး အချစ်ကြီးချစ်တတ်တဲ့အောက်ချင်းငှက်တွေရဲ့ အကြောင်းကို သိတဲ့ ပရိသတ်တွေလည်းသိကြမှာပါ ။ အောက်ချင်းငှက်တွေ ရဲ့ အချစ်ကြီးပုံကို ရှေးစာဆိုတွေကလည်းဖွဲ့ နွဲ့ရေးသားခဲ့ကြသလို အဖိုသေ ရင် အမ လိုက်သေတဲ့ သူတို့ရဲ့ အချစ်ကြီ းပုံကတော့ အံ့သြစရာပါ ။

ပရိသတ်အချစ်တော် အဆိုတော် ရွှေထူးကလည်း လတ်တလောမှာတော့ သူ့ရဲ့ တက်တူးသစ်တစ်ခုကို ရေးထိုးခဲ့ပါတယ် ။ အောက်ချင်းငှက်မောင်နှံရဲ့ စုံတွဲပုံလေးကို ဗိုက်မှာ တက်တူးထိုးခဲ့တာဖြစ်ပြီး ချစ်ဇနီးလေး ရွှေမှုံနဲ့ အောက်ချင်းငှက်တွေလို သေတူရှင်မကွာ ချစ်မယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ထိုးခဲ့ဟန်တူပါတယ် ပရိသတ်ကြီးရေ ..။ သူ့ရဲ့ တက်တူးအသစ်လေးကို ရွှေထူးက မိုင်ဒေးကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ။

ရွှေစုံတွဲက တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ထိ ချစ်ပြီး အခက်ခဲတွေကို အတူတူ ရင်ဆိုင်ကျော်ဖြတ်လာခဲ့ကြတာကိုတော့ ပရိသတ်တွေအားလုံး သိပြီးကြပြီ မို့ အထူးတလည် ပြောနေစရာမလိုတော့ပါဘူးနော် ။ ရွှေထူးကတော့ သူ့ရဲ့ တက်တူးအသစ်အတိုင်း အောက်ချင်းငှက်စုံ တွဲလေးလို သေတူရှင်မကွာ ထာဝရချစ်ခင်သွားမယ်လို့ရည်ရွယ်ခဲ့တယ်ထင်ပါတယ်ပရိသတ်ကြီးရေ ..။

Source : Htoo Khant
Credit ; (Yaung Chi)