


unicode

ဝာရင့်သရုပ်ဆောင် နိုင်းနိုင်းရဲ့ ညီတစ်ဝမ်းကွဲဖြစ်သူ သရုပ်ဆောင် အောင်မင်းခန့်ကတော့ “ ထာဝရမန္တလေး ” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အောင်မင်းခန့်ကတော့ အခုဆိုရင်လည်း အောင်မြင်တဲ့ အနုပညာလမ်းမမှာ ရပ်တည်နေပြီဖြစ်ပြီး အချစ်ရေးကိုလည်း အာရုံစိုက်ခြင်းမရှိပဲ အလုပ်ကိုသာ ဦးစားပေးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အောင်မင်းခန့်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုသာမက အပြင်လက်တွေ့ဘဝက သူ့ရဲ့ နေထိုင်မှုပုံစံကိုပါ စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်..။

လွပ်လပ်စွာနဲ့ပျော်ပျော်နေတတ်ပြီး အနုပညာမောင်နှမတွေကိုချစ်တဲ့ အောင်မင်းခန့်က ဒီကနေ့မှာတော့ သဇင်ထူးမြင့်ရဲ့ ဓာတ်ပုံအောက်မှာ သဇင်ထူးမြင့်ရဲ့ စကားတစ်ခွန်းနဲ့ အောင့်သက်သက်ဖြစ်သွားခဲ့ရတာကို တွေ့ရပါတယ်။ အောင်မင်းခန့်က သဇင်ထူးမြင့် “ စောင့်မျှော်နေသူငါ.. စိတ်ကူးယဉ်နေသူပါ… ” ဆိုပြီး ရေးထားတဲ့ ဓာတ်ပုံအောက်မှာ “ ဘာစောင့်နေတာလဲ delivery ပဲဖြစ်ရမယ် စားဖို့ 😏 ” ဆိုပြီး သွားရောက်စနောက်ခဲ့ပေမယ့် သဇင်ထူးမြင့်က “ အကိုအိမ်သာထဲမှာစားဖို့တွေးတဲ့မုန့် မှာထားတာ🤣 ” ဆိုပြီး ပြောခဲ့တာကြောင့် အောင့်သက်သက်ကြီးဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်အောင်မင်းခန့်ကတော့ ချစ်ညီမလေး သဇင်ထူးမြင့်ကို စနောက်ခဲ့ပေမယ့် သဇင်ထူးမြင့်က စကားတတ်စွာနဲ့ ပြန်လည်တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိုယ်တိုင်ဆေးသွားထိုးပြီးမှ ပုလင်းကြီး ပြန်အချိတ်ခံခဲ့ရတဲ့ အောင်မင်းခန့်ရဲ့အဖြစ်ကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source: Thazin Htoo Myint’s fb
Bilie – Cele Connections