Credit : (CeleChitThu)
ငယ်စဉ်ကလေးဘဝတည်းကအနုပညာလောကထဲသို့ဝင်ရောက်လာတဲ့ မင်းသမီးချောလေး ယွန်းယွန်းနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်နော်။ ယွန်းယွန်းကတော့ ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီရွှေတံဆိပ်ဆုကို ရရှိပိုင်ဆိုင်ထားလျက်ရှိပါတယ်။ သူမဟာဆိုရင် ပါးချိုင့်လေးကြောင့် ချစ်စရာကောင်းလွန်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်။
ယွန်းယွန်းကလတ်တလောမှာ Double Dating အစီအစဉ်လေးထဲက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်အောင်မင်းခန့်နဲ့အတူ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဇန်နဝါရီလ(၂၄)ရက်နေ့မှာတော့ ယွန်းယွန်းက”Surprise From Yangon Thank You So Much Pr”လို့ဆိုပြီး အောင်မင်းခန့်နဲ့ သူမအတွက် စားစရာလေးတွေကို တကူးတက ပို့ဆောင်ပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုလိုက်တာလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။
ယွန်းယွန်းရဲ့ ကျေးဇူးတင်စကားဆိုလိုက်တာလေးကို ပရိသတ်တွေအတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Source….Yoon Yoon’s Myday
Credit : (CeleChitThu)