


Credit – Cele Zone
Photo – Paing Takhon

အနုပညာအလုပ်တွေမှာအများကြီးအောင်မြင်နေသလို ကြော်ငြာတွေလည်း လက်မလည်အောင် ရိုက်ကူးနေရတဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ (၂၀၂၀) မကုန်ခင်ကတည်းက သာသနာ့ဘောင်ကို ဝင်ရောက်သွားခဲ့တာဖြစ်ပြီး လက်ရှိမှာဆိုရင်တော့ သာသနာ့ဘောင် ဝင်ရောက်တာ (၉) ရက် တိုင်ခဲ့ပါပြီ။ မြန်မာပြည်မှာသာမက ထိုင်းနိုင်ငံထိပါအောင်မြင်သလို စွဲဆောင်မှုအရှိဆုံး အမျိုးသားစာရင်းဝင် တစ်ယေ ာက်လည်းဖြစ်ပါတယ်။

မြဝတီမှာရှိတဲ့ သစ်တံခါးဆရာတော်ကြီးရဲ့ကျောင်းတိုက်ဖြစ်တဲ့ ချမ်းမြေ့ရိပ်မြုံ အဓိဌာန်အောင် တောင်တော်မြတ် တောရကျောင်းမှာ သီတင်းသုံးခဲ့နေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကို ဒီနေ့မှအသိပေးတာဖြစ်ပြီး အားလုံးကလည်း ဦးဇင်းရဲ့ကုသိုလ်ကောင်းမှု အတွက် သာဓုခေါ်ဆိုခဲ့ကြပါတယ်။

သီတင်းသုံးနေတဲ့ပုံရိပ်တွေကို ” ကမ္ဘာပေါ်မှာရှိကြကုန်သော အနန္တသတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ ဘုန်းဘုန်း စန္ဒကုမာရ မြဝတီမြို့ ချမ်းမြေ့ရိပ်မြုံ အဓိဌာန်အောင် တောင်တော်မြတ် တောရကျောင်းမှာ သီတင်းသုံးခဲ့တာ ဒီနေ့ (၉) ရက် မြောက်ခဲ့ပြီ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Credit – Cele Zone
Photo – Paing Takhon