မင်္ဂလာပါ ပရိတ်သတ်ကြီးရေ…..အဆိုတော်ဖြိုးလေးဟာဆိုရင် နွေဦးတော်လှန်ရေးရဲ့အစပိုင်းမှာ ချစ်သူဝါဆိုမိုးဦးနဲ့အတူ ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အင်တာနက်အခက်အခဲတွေကြောင့် ပရိသတ်တွေနဲ့အလှမ်းဝေးသွားတဲ့ အဆိုတော်ဖြိုးလေးဟာ သာသနာ့ဘောင်ကိုဝင်ရောက်နေခဲ့တာပဲဖြစ်ပါတယ်။

ဒီအကြောင်းကိုလည်း လက်ရှိ Wifi ရတဲ့နေရာရောက်မှာပဲ အားလုံးသာဓုခေါ်နိုင်အောင် ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်။ သီချင်းကောင်းတွေလည်းဖန်တီးနိုင်သလို လုပ်ရပ်ကောင်းတွေလည်း လုပ်ဆောင်တတ်တာမို့ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်းရရှိခဲ့တာပဲဖြစ်ပါတယ်။အခုလိုမငြိမ်းချမ်းတဲ့ကာလမှာ လူတိုင်းနီးပါးရဲ့စိတ်တွေဟာ ထိုင်းမှိုင်းပြီး ပျော်ရွှင်မှုပျောက်ဆုံး သလိုဖြစ်နေခဲ့တာပါ။

ဒီလိုအချိန်မှာ တရားဓမ္မနဲ့မွေ့လျော်ပြီးနေတာက အသင့်တော်ဆုံးပါပဲ။ ဖြိုးလေးကတော့ သာသနာ့ဘောင်ကို ခေတ္တခဏဝင်ရောက်ခဲ့ပြီး စိတ်ရဲ့ငြိမ်းချမ်းရာကို ရှာဖွေနေခဲ့ပါတယ်။ဘုရားရိပ်တရားရိပ်ရောက်နေတာလည်းဖြစ်သလို အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရမို့ လူမှုကွန်ယက်ပေါ်မှာ အရင်လိုမရှိနိုင်ခဲ့ပါဘူး။

ဒီနေ့မှာတော့ သာသနာ့ဘောင်ဝင်ရောက်နေတဲ့ အမှတ်တရပုံရိပ်တွေကို ” ပျောက်နေတယ် ဆိုလို့ WiFi ရှိတဲ့နေရာရောက် တုန်းလေး ” ဆိုပြီး ဦးဇင်းက ဝေမျှခဲ့ပါတယ်။အေးချမ်းတဲ့မြို့လေးမှာ အေးချမ်းတဲ့ တရားဓမ္မတွေကိုရှာဖွေပြီး အပူသောကတွေကို တရားတွေနဲ့ဖယ်ရှားဖို့ သာသနာ့ဘောင်ကိုဝင်ရောက်ခဲ့တဲ့ ဦးဇင်းရဲ့ပုံရိပ်တွေမှာ ပကတိအကြည်ဓာတ်ကို မြင်နေရပါတယ်။ အားပေးတဲ့ပရိသတ်တွေကလည်း ကောင်းမွန်တဲ့လုပ်ရပ်အတွက် သာဓုအကြိမ်ကြိမ်ခေါ်ဆိုခဲ့ကြပါတယ်။

crd….

မဂၤလာပါ ပရိတ္သတ္ႀကီးေရ…..အဆိုေတာ္ၿဖိဳးေလးဟာဆိုရင္ ေႏြဦးေတာ္လွန္ေရးရဲ့အစပိုင္းမွာ ခ်စ္သူဝါဆိုမိုးဦးနဲ႔အတူ ဆႏၵထုတ္ေဖာ္ပြဲေတြမွာ ပါဝင္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ အင္တာနက္အခက္အခဲေတြေၾကာင့္ ပရိသတ္ေတြနဲ႔အလွမ္းေဝးသြားတဲ့ အဆိုေတာ္ၿဖိဳးေလးဟာ သာသနာ့ေဘာင္ကိုဝင္ေရာက္ေနခဲ့တာပဲျဖစ္ပါတယ္။

ဒီအေၾကာင္းကိုလည္း လက္ရွိ Wifi ရတဲ့ေနရာေရာက္မွာပဲ အားလုံးသာဓုေခၚနိုင္ေအာင္ ေဝမၽွေပးခဲ့တာပဲျဖစ္ပါတယ္။ သီခ်င္းေကာင္းေတြလည္းဖန္တီးနိုင္သလို လုပ္ရပ္ေကာင္းေတြလည္း လုပ္ေဆာင္တတ္တာမို႔ ပရိသတ္ေတြရဲ့ အားေပးမႈကိုလည္းရရွိခဲ့တာပဲျဖစ္ပါတယ္။အခုလိုမၿငိမ္းခ်မ္းတဲ့ကာလမွာ လူတိုင္းနီးပါးရဲ့စိတ္ေတြဟာ ထိုင္းမွိုင္းၿပီး ေပ်ာ္ရႊင္မႈေပ်ာက္ဆုံး သလိုျဖစ္ေနခဲ့တာပါ။

ဒီလိုအခ်ိန္မွာ တရားဓမၼနဲ႔ေမြ႕ေလ်ာ္ၿပီးေနတာက အသင့္ေတာ္ဆုံးပါပဲ။ ၿဖိဳးေလးကေတာ့ သာသနာ့ေဘာင္ကို ေခတၱခဏဝင္ေရာက္ခဲ့ၿပီး စိတ္ရဲ့ၿငိမ္းခ်မ္းရာကို ရွာေဖြေနခဲ့ပါတယ္။ဘုရားရိပ္တရားရိပ္ေရာက္ေနတာလည္းျဖစ္သလို အင္တာနက္လိုင္းေတြလည္း ျဖတ္ေတာက္ခံထားရမို႔ လူမႈကြန္ယက္ေပၚမွာ အရင္လိုမရွိနိုင္ခဲ့ပါဘူး။

ဒီေန႔မွာေတာ့ သာသနာ့ေဘာင္ဝင္ေရာက္ေနတဲ့ အမွတ္တရပုံရိပ္ေတြကို ” ေပ်ာက္ေနတယ္ ဆိုလို႔ WiFi ရွိတဲ့ေနရာေရာက္ တုန္းေလး ” ဆိုၿပီး ဦးဇင္းက ေဝမၽွခဲ့ပါတယ္။ေအးခ်မ္းတဲ့ၿမိဳ႕ေလးမွာ ေအးခ်မ္းတဲ့ တရားဓမၼေတြကိုရွာေဖြၿပီး အပူေသာကေတြကို တရားေတြနဲ႔ဖယ္ရွားဖို႔ သာသနာ့ေဘာင္ကိုဝင္ေရာက္ခဲ့တဲ့ ဦးဇင္းရဲ့ပုံရိပ္ေတြမွာ ပကတိအၾကည္ဓာတ္ကို ျမင္ေနရပါတယ္။ အားေပးတဲ့ပရိသတ္ေတြကလည္း ေကာင္းမြန္တဲ့လုပ္ရပ္အတြက္ သာဓုအႀကိမ္ႀကိမ္ေခၚဆိုခဲ့ၾကပါတယ္။

crd….