အဆိုေတာ္ ေနဝင္းကေတာ့ သီခ်င္းေတြမွာ အမိုက္စား၊ အၾကမ္းစား သီဆိုတတ္သူတစ္ေယာက္ျဖစ္ေပမယ့္ အခ်စ္နဲ႔ ပက္သတ္ရင္ ထင္မထားေလာက္ေအာင္ ႏူးညံ့သိမ္ေမြ႕သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေနဝင္းရဲ႕ အခ်စ္ေရးကေတာ့ ပရိသတ္ေတြသိထားၿပီးသား ခရီးသြားဘေလာ္ဂါမေလး အိမ့္ခ်စ္ေခ်ာပဲျဖစ္ၿပီး ေနဝင္းနဲ႔ အိမ့္ခ်စ္ေခ်ာတို႔ကေတာ့ ၿပီးခဲ့တဲ့ ဧၿပီလအတြင္းမွာပဲ လက္ထပ္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ခ်စ္သူသက္တမ္း ႏွစ္အေတာ္ၾကာလက္တြဲၿပီးမွ အိမ္ေထာင္တစ္ခုကို အတူတူတည္ေထာင္ခဲ့တာမို႔ ေနဝင္းတို႔ရဲ႕ အိမ္ေထာင္ေရးက အထစ္အေင့ါမရွိ ေအးခ်မ္းေပ်ာ္႐ႊ္ငေနတာပဲ ျဖစ္ပါတယ္။

ဒီကေန႔ ဒီဇင္ဘာလ (၂၅) ရက္ေန႔ကေတာ့ ေနဝင္းနဲ႔ အိမ့္ခ်စ္ေခ်ာတို႔ရဲ႕ ခ်စ္သက္တမ္း (၁၁) ႏွစ္ျပည့္တဲ့ေန႔ေလးပဲ ျဖစ္ပါတယ္။ ေနဝင္းတို႔ ဇနီးေမာင္ႏွံကေတာ့ (၁၁) ႏွစ္ျပည့္ Anniversary ေန႔ေလးမွာ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ခ်စ္တဲ့အေၾကာင္းေတြေျပာခဲ့တာကိုလည္း ေတြ႕ရပါတယ္။ ေနဝင္းကလည္း သူ႔ရဲ႕ခ်စ္ဇနီးကို “Happy 118 Anniversary ခ်စ္ဆုံးေလး ❤️ ဒီေန႔ထိအနားမွာ ဂ်ီၾကေပးလို႔ေက်းဇူးပါကြာ ..😁ေနာက္ႏွစ္ေတြမ်ားစြာထိ ဂ်ီၾကေပးအုံးေနာ္ 😍 Marry Christmas 🎄⛄” ဆိုျပီး ေျပာခဲ့သလို အိမ့္ခ်စ္ေခ်ာကလည္း “Happy Anniversary BoeDaw 💕🐸 Merry Christmas To You All 🎄❤️ တူတူရွိတာ ၁၁ ႏွစ္ျပည့္မွစ၍ အသက္ေတြတူတူႀကီးခ်င္ပါတယ္ 😘 အသက္ႀကီးတဲ့ထိ ရစ္မယ္ ၊ေကာက္မယ္ ၊ ပိုေခ်ာ့ပါ ပိုခ်စ္ပါ ❤️❤️❤️” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ေနဝင္းနဲ့ အိမ့္ခ်စ္ေခ်ာကေတာ့ ခ်စ္သူသက္တမ္း (၁၁) နွစ္ရိွလာခဲ့ျပီျဖစ္သလို ခရစၥမတ္ေန့ေတြမွာလည္း အတူတူရိွလာခဲ့တာ (၁၁) နွစ္တိုင္တိုင္ရိွခဲ့ျပီ ျဖစ္ပါတယ္။ ေနဝင္းတို့ ဇနီးေမာင္နွံနွစ္ေယာက္ ခ်စ္သူသက္တမ္း (၁၁) နွစ္မွသည္ နွစ္တစ္ရာေက်ာ္တိုင္ အခုလိုပဲ ထာဝရခ်စ္သြားနိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Win & Travel Kueen ‘s fb
Credit– Cele Connections

အဆိုတော် နေဝင်းကတော့ သီချင်းတွေမှာ အမိုက်စား၊ အကြမ်းစား သီဆိုတတ်သူတစ်ယောက်ဖြစ်ပေမယ့် အချစ်နဲ့ ပက်သတ်ရင် ထင်မထားလောက်အောင် နူးညံ့သိမ်မွေ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေဝင်းရဲ့ အချစ်ရေးကတော့ ပရိသတ်တွေသိထားပြီးသား ခရီးသွားဘလော်ဂါမလေး အိမ့်ချစ်ချောပဲဖြစ်ပြီး နေဝင်းနဲ့ အိမ့်ချစ်ချောတို့ကတော့ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာပဲ လက်ထပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း နှစ်အတော်ကြာလက်တွဲပြီးမှ အိမ်ထောင်တစ်ခုကို အတူတူတည်ထောင်ခဲ့တာမို့ နေဝင်းတို့ရဲ့ အိမ်ထောင်ရေးက အထစ်အငေ့ါမရှိ အေးချမ်းပျော်ရွှ်ငနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ကတော့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ရဲ့ ချစ်သက်တမ်း (၁၁) နှစ်ပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ နေဝင်းတို့ ဇနီးမောင်နှံကတော့ (၁၁) နှစ်ပြည့် Anniversary နေ့လေးမှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချစ်တဲ့အကြောင်းတွေပြောခဲ့တာကိုလည်း တွေ့ရပါတယ်။ နေဝင်းကလည်း သူ့ရဲ့ချစ်ဇနီးကို “Happy 118 Anniversary ချစ်ဆုံးလေး ❤️ ဒီနေ့ထိအနားမှာ ဂျီကြပေးလို့ကျေးဇူးပါကွာ ..😁နောက်နှစ်တွေများစွာထိ ဂျီကြပေးအုံးနော် 😍 Marry Christmas 🎄⛄” ဆိုပြီး ပြောခဲ့သလို အိမ့်ချစ်ချောကလည်း “Happy Anniversary BoeDaw 💕🐸 Merry Christmas To You All 🎄❤️ တူတူရှိတာ ၁၁ နှစ်ပြည့်မှစ၍ အသက်တွေတူတူကြီးချင်ပါတယ် 😘 အသက်ကြီးတဲ့ထိ ရစ်မယ် ၊ကောက်မယ် ၊ ပိုချော့ပါ ပိုချစ်ပါ ❤️❤️❤️” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

နေဝင်းနဲ့ အိမ့်ချစ်ချောကတော့ ချစ်သူသက်တမ်း (၁၁) နှစ်ရှိလာခဲ့ပြီဖြစ်သလို ခရစ္စမတ်နေ့တွေမှာလည်း အတူတူရှိလာခဲ့တာ (၁၁) နှစ်တိုင်တိုင်ရှိခဲ့ပြီ ဖြစ်ပါတယ်။ နေဝင်းတို့ ဇနီးမောင်နှံနှစ်ယောက် ချစ်သူသက်တမ်း (၁၁) နှစ်မှသည် နှစ်တစ်ရာကျော်တိုင် အခုလိုပဲ ထာဝရချစ်သွားနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Win & Travel Kueen ‘s fb
Credit– Cele Connections