


Source: Nan Shwe Aye
Credit – CeleKhitThit

ပရိသတ်ကြီးရေဟန်လေးကတော့လှပကျော့ရှင်းတဲ့ အလှကိုပိုင်ဆိုင်ထားပြီး Miss Universe myanmar ရဲ့အလှမယ်ဟောင်းတစ်ဦးလည်းဖြစ်ပြီးအမြဲပွင့်လင်းဖော်​ရွေသူလေးပါ။အလှမယ်မင်းသမီးတစ်လက်ဖြစ်ပေမယ့် အချက်အပြုတ်ရေးရာမှာလည်းကျွမ်းကျင်ပိုင်နိုင်တဲ့အပြင် မိသားစုကိုလည်းထောက်ပံ့​နိုင်တဲ့ အရမ်းကိုတော်တဲ့ မင်းသမီးတစ်လက်ပါပဲနော်။

ယောကျာ်းလေးပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ ရှမ်းတိုင်းရင်းသူလေးတစ်ဦးပဲ ဖြစ်ပြီး MTV များစွာလည်း ရိုက်ကူးထားတဲ့ သူတစ်ယောက်ပါ။Music Videoတွေအပြင် ရုပ်ရှင်ဇာတ်လမ်းတွဲတွေပါရိုက်ကူးနေတဲ့ အလှမယ်လေးဖြစ်ပြီး အမြဲပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်နေတတ်ကာ တိရိစ္ဆာန်လေးတွေကိုလည်း ချစ်တတ်သူလေးပါနော်။

အမြဲတတ်နိုင်တဲ့ဘက်ကအလှူလေးတွေပြုလုပ်လျက်ရှိတဲ့ ဟန်လေးကတော့ ” လျှာ ဦးထုပ်တွေကို လက်ကားများများဝယ် လို့ရမဲ့နေရာလေးတစ်ချက်လောက် ?? ( အလှူ လုပ်ဖို့ပါ )မိုးတွင်းဆို မိုးကာလှူတယ် ( နွေဆို ဦးထုပ်လှူမှာ မို့ ) 🥳”ဆိုတဲ့ စာလေးနဲ့ သူမပရိသတ်တွေကိုအကူအညီတောင်းခံလာခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nan Shwe Aye
Credit – CeleKhitThit