



မင်းသားချောလေး တိုင်ရွန် ကတော့ အမိုက်စား တက်တူးတွေ ကို ခန္ဓာကိုယ် ထက်မှာ ဆေးခြယ်ထားပြီး ယောက်ျား ပီသတဲ့ ခန္ဓာကိုယ်အချိုးအစား နဲ့ ကြွေချင်စရာ ကောင်းနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် တိုင်ရွန် က မိန်းကလေး ပရိသတ်တွေ ဝိုင်းဝိုင်း လည်အောင် အားပေးခြင်း ခံရတဲ့ ကိုလူချောလေး တစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော် ။ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း မနားတမ်း ရိုက်ကူးရတဲ့ တိုင်ရွန်က အခုဆိုရင် အနုပညာအလုပ် တွေကို အရင်ကထက် ပိုမိုလုပ်ကိုင် လာရတာ ဖြစ်ပါတယ် ။

ဖက်ရှင် နဲ့ ပတ်သက်ရင်လည်း ခေတ် ရေစီးကြောင်းအတိုင်း လိုက်လျော ညီထွေစွာ ဝတ်ဆင် တတ်တဲ့ တိုင်ရွန် က အမြဲတမ်း စတိုင်လ်ကျနေတာ ဖြစ်ပါတယ် ။ တိုင်ရွန်က လတ်တလောမှာ ဆိုရင် အနုပညာ လှုပ်ရှားမှုတွေ အပြင် ပရိသတ်တွေ အတွက် Tik Tok Video လေးတွေလည်း ရိုက်ကူး ပြီးတင်ဆက် ပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း တိုင်ရွန် က သူငယ်ချင်းတွေ နဲ့ အတူ အခွီတလိုင်း ပုံစံရိုက်ကူးထားတဲ့ ဗီဒီယိုလေး တစ်ခုကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။

တိုင်ရွန်က ” harmonica challenge” ဆိုပြီး သူတို့သူငယ်ချင်း တစ်စုရဲ့ ဟာသဗီဒီယိုလေး ကို တင်ထားတာ ဖြစ်ပါတယ် ။ တိုင်ရွန် ကတော့ ခြေသလုံးကိုတုတ်နဲ့ အရိုက်ခံပြီး နာလို့အော်တဲ့အသံ နဲ့ ပါးစပ်က ဘာဂျာကို အသံထွက်အောင် မှုတ်ပြခဲ့ရတာပဲ ဖြစ်ပါတယ် ။ ကဲ Challenge လေးတစ်ခုကို လုပ်ပြရင်း အူတက်အောင်ရယ် နေရတဲ့ တိုင်ရွန် တို့သူငယ်ချင်းတစ်စု ရဲ့ ဟာသဗီဒီယိုလေးကို ချစ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Tyron Bejay’s FB Acc