


Source: May Kabyar’s fb

ညိုစိမ့်စိမ့်အသားအရည်လေးနဲ့ မြန်မာဆန်ဆန်လေးလှတဲ့ မေကဗျာကတော့ ပရိသတ်တိုင်းချစ်ခင်ရတဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မေကဗျာကတော့ ကလေးမေမေတစ်ယောက်ဖြစ်ပေမယ့် ပိန်ပိန်သွယ်သွယ်လေးနဲ့ အရမ်းလှတာမို့ အပျိုလေးလို့တောင် ထင်မှတ်ရတာပဲ ဖြစ်ပါတယ်။ မေကဗျာကလည်း တစ်ဦးတည်းသောသမီးလေးအတွက် မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေသလို ပရိသတ်တွေအတွက်လည်း အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ အမြဲတမ်း ကြိုးစားနေသူပဲ ဖြစ်ပါတယ်။

မင်းသမီးတစ်ယောက်ပီပီ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ မေကဗျာက ဒီကနေ့မှာတော့ သူမရဲ့ အကြိုက်ဆုံးဇာတ်ကားကို တီဗီဖန်သားပြင်မှာကြည့်ပြီး အမှတ်တရတွေ ပြောပြလာပါတယ်။ မေကဗျာက “ကဗျာ့ဘဝရဲ့အကြိုက်ဆုံးဇာတ်ကားလေး ကြည့်ရပြီ။ ကိုပြေတီဦးနဲ့ ပထမဆုံး ကားလေး အမှတ်တရ တွေနဲ့ ဇာတ်လမ်းအရမ်းကြိုက်” ဆိုပြီး အမှတ်တရတွေကို ပြန်လည်ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။

မေကဗျာကတော့ ပြေတီဦးနဲ့ ပထမဦးဆုံးဆုံခဲ့တဲ့ ဗီဒီယိုဇာတ်ကားလေးကို တီဗီမှာကြည့်ပြီး အမှတ်တရတွေကို ပြန်လည်သတိရနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ပြေတီဦးနဲ့ မေကဗျာတို့ပါဝင်တဲ့ “ရွက်ကြွေမျက်ရည်”ဆိုတဲ့ ဗီဒီိယိုဇာတ်ကားလေးကို ကြည့်ဖူးကြလား ပြောပြခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: May Kabyar’s fb
Credit – Cele Connections