


Credit ; MMLoad

ပရိတ်သတ်ကြီးရေ…အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ မောင်နဲ့ ရီရီပွင့်ဖြူကိုဆိုရင် ပရိတ်သတ်ကြီးနဲ့အထွေအထူးမိတ်ဆ်ပေးစရာလိုမယ်မထင်ဘူးနော်။ သူတို့နှစ်ဦးဟာဆိုရင် နှစ်တွေအကြာကြီးသစ္စာရှိရှိနဲ့လက်တွဲနေကြတဲ့ အရမ်းကိုချစ်စရာကောင်းတဲ့စုံတွဲလေးပဲဖြစ်ပါတယ်နော်…။မောင်တို့ချစ်သူနှစ်ဦးဟာဆိုရင် အနုပညာလှုပ်ရှာမှုတွေမရှိတော့ပဲ စီးပွားရေးလုပ်ငန်းတွေကိုသာကြိုးစားလုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။ သူတို့အတွဲလေးရဲ့ဖြတ်သန်းနေထိုင်တဲ့ ပုံစံလေးကိုလည်းပရိတ်သတ်တွေက အားကျနေကြရတာပဲဖြစ်ပါတယ်နော်…။

မောင်နဲ့ရီရီပွင့်ဖြူတို့စုံတွဲလေးဟာဆိုရင် ပရိတ်သတ်တွေ ဗဟုသုတရစေရန်အတွက်လည်း Vlog လေးတွေရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာမှာအမြဲတမ်းမျှဝေပေးနေတာလည်းဖြစ်ပါတယ်.။ အခုလတ်တလောမှာဆိုရင်လည်း အမိုက်စားဇိမ်ခံသဘောင်္ကြီးနဲ့ (၆) ရက်အကြာခရီးထွက်နေတာပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ခရီးသွားပုံလေးတွေကိုလည်း အချိန်နဲ့တစ်ပြေးညီတင်ပေးနေတာလည်းဖြစ်ပါတယ်နော်။

အခုလတ်တလောမှာဆိုရင်လည်း မကြာသေခင်နာရီပိုင်လောက်က Sein Phyo & Yi ဆိုတဲ့ Tik Tok အကောင့်မှာဗီဒီယိုလေးတစ်ခုကိုတင်ပေးလာတာပဲဖစ်ပါတယ်ပရိတ်သတ်ကြီးရေ။ အဲ့ဒါကတော့ စကားပြောနေရင်း အသံထွက်မှာမှန်းမသိပဲ စကားတွေဆက်ပြောနေရင်း ချစ်သူမောင်က ဘေးကနေထောက်ပေးမှ သတိထားမိသွားပြီး ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့ ရီရီပွင့်ဖြူရဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ရီရီပွင့်ဖြူက Yoga ကို Yogurt နဲ့မှားပြီးပြောလိုက်မိတာကို ချစ်သူမောင်ကဘေးကနေထောက်ပေးနေတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်.။ ဒီဗီဒီယိုလေးကို ပရိတ်သတ်တွေကြည့်ရှုခံစားလို့ရအောင် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်…။

source : Sein Phyo & Yi Tik Tok Account
Credit ; MMLoad