မင္းသားႀကီး လြင္မိုးကေတာ့ ငယ္စဥ္အ႐ြယ္ေ ကာင္းစဥ္က ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ ဦးေဆာင္ႏိုင္ခဲ့ၿပီး ပရိသတ္ေတြအေပၚ လႊမ္းမိုးထားႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ လြင္မိုးက သူ႔ရဲ႕ အႏုပညာသက္တမ္း ႏွစ္ (၃၀) ေက်ာ္မွာ အကယ္ဒမီဆုႀကီး (၃) ဆုတိတိကို လက္ဝယ္ပိုင္ ဆိုင္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ အသက္အ႐ြယ္တစ္ခုေရာက္ရွိလာခ်ိန္မွာေတာ့ လြင္မိုးက အႏုပညာအလုပ္ေတြထက္ စီးပြားေရးအလုပ္ေတြကိုသာ ပိုမိုဦးစားေပးလုပ္ကိုင္လာသလို မိသားစုေလး ကိုလည္း အရင္ကထက္ ပိုျပီး အခ်ိန္ေပးျဖစ္ေနတာပဲ ျဖစ္ပါတယ္။

ဒီကေန့ ဒီဇင္ဘာလ (၁၀) ရက္ေန့ကေတာ့ လြင္မိုးရဲ့ အခ်စ္ရဆံုး တစ္ဦးတည္းေသာ ဇနီးေလး ေမသူရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ လြင္မိုးက သူ့ရဲ့ဇနီးေခ်ာ ေမသူအတြက္ “Happy Birthday ပါမိန္းမ​ေရ..​ေပ်ာ္႐ႊင္ျခင္း..က်မ္းမာျခင္း..ခ်မ္းသာျခင္း အစစ္အမွန္မ်ားျဖစ္ျပည့္စုံပါ​ေစ ​ေၾကာင္းဆု​ေတာင္း​ေပးလိုက္ပါသည္…” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန မွတ္မွတ္ရရ ေမြးေန့ဆုေတာင္းစကားေလး ေျပာလာတာကို ေတြ့ရပါတယ္။

လြင္မိုးကေတာ့ ေျမးေလး Liam ရလာတဲ့အထိ တစ္ေန့ထက္တစ္ေန့ အခ်စ္ေတြတိုးျပီး ခ်စ္လာရတဲ့ ခ်စ္ဇနီးေမသူကို ေမြးေန့ဆုမြန္ေကာင္းစကားေျပာလာတာပဲ ျဖစ္ပါတယ္။ လြင္မိုးတို့ ဇနီးေမာင္နွံနွစ္ေယာက္ အခုလိုပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ့ သားသမီးေျမးျမစ္ေတြရတဲ့အထိ ခ်စ္နိုင္ၾကပါေစလို့ ဆုေတာင္းေပး လုိက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို ႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Lwin Moe’s fb
Credit– Cele Connections

မင်းသားကြီး လွင်မိုးကတော့ ငယ်စဉ်အရွယ်ေ ကာင်းစဉ်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဦးဆောင်နိုင်ခဲ့ပြီး ပရိသတ်တွေအပေါ် လွှမ်းမိုးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လွင်မိုးက သူ့ရဲ့ အနုပညာသက်တမ်း နှစ် (၃၀) ကျော်မှာ အကယ်ဒမီဆုကြီး (၃) ဆုတိတိကို လက်ဝယ်ပိုင် ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ လွင်မိုးက အနုပညာအလုပ်တွေထက် စီးပွားရေးအလုပ်တွေကိုသာ ပိုမိုဦးစားပေးလုပ်ကိုင်လာသလို မိသားစုလေး ကိုလည်း အရင်ကထက် ပိုပြီး အချိန်ပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့ကတော့ လွင်မိုးရဲ့ အချစ်ရဆုံး တစ်ဦးတည်းသော ဇနီးလေး မေသူရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ လွင်မိုးက သူ့ရဲ့ဇနီးချော မေသူအတွက် “Happy Birthday ပါမိန်းမ​ရေ..​ပျော်ရွှင်ခြင်း..ကျမ်းမာခြင်း..ချမ်းသာခြင်း အစစ်အမှန်များဖြစ်ပြည့်စုံပါ​စေ ​ကြောင်းဆု​တောင်း​ပေးလိုက်ပါသည်…” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မှတ်မှတ်ရရ မွေးနေ့ဆုတောင်းစကားလေး ပြောလာတာကို တွေ့ရပါတယ်။

လွင်မိုးကတော့ မြေးလေး Liam ရလာတဲ့အထိ တစ်နေ့ထက်တစ်နေ့ အချစ်တွေတိုးပြီး ချစ်လာရတဲ့ ချစ်ဇနီးမေသူကို မွေးနေ့ဆုမွန်ကောင်းစကားပြောလာတာပဲ ဖြစ်ပါတယ်။ လွင်မိုးတို့ ဇနီးမောင်နှံနှစ်ယောက် အခုလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ သားသမီးမြေးမြစ်တွေရတဲ့အထိ ချစ်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေးလိုက်ပါတယ်။

Source: Lwin Moe’s fb
Credit– Cele Connections