ပိုပိုကေတာ့ သီခ်င္းေအးေအးေလးေတြရယ္ ခ်ိဳသာတဲ့ အသံေလးေတြရယ္နဲ႔ ပရိသတ္ေတြရဲ့အားေပးခ်စ္ခင္မႈေတြကို ရရွိထားတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ပိုပိုကေတာ့ ခုလတ္တေလာျမန္မာနိုင္ငံအတြင္းမွာ ျဖစ္ပြားခဲ့တဲ့အေျခအေနနဲ႔ပတ္သက္ၿပီး ျပည္သူလူထုနဲ႔အတူ တတ္နိုင္တဲ့ဘက္ကေနပါ၀င္ကာ ၿငိမ္းခ်မ္းစြာနဲ႔ လႈပ္ရွားမႈေတြျပဳလုပ္ေနတာျဖစ္ပါတယ္။

အခုလိုျပည္သူပရိသတ္ေတြဘက္ကေန အႏုပညာရွင္ေတြကလည္း တတ္နိုင္သေရြ႕ပါ၀င္အားျဖည့္ေနၾကတာကိုလည္း ဝမ္းသာစြာေတြ႕ရပါတယ္ေနာ္။ပိုပိုက ျပည္သူေတြနဲ႔အတူ လမ္းမေပၚထြက္ကာဆႏၵေဖာ္ထုတ္မႈေတြျပဳလုပ္တဲ့အျပင္ အစားအေသာက္နဲ႔လိုအပ္တာေတြလည္း လႉဒါန္းခဲ့ပါေသးတယ္။

အခုလည္း မေန႔ကအခက္အခဲေတြၾကားထဲကေန ဆႏၵထုတ္ေဖာ္ရင္း က်ည္မွန္ကာ က်ဆုံးသြားတဲ့ သူရဲေကာင္း ညီညီရဲ့ မိသားစုထံသို႔သြားေရာက္ကာ အားေပးစကားေျပာရင္း သကၤန္းနဲ႔အတူ ကူေငြမ်ား ကိုယ္တိုင္သြားေရာက္ လႉဒါန္းခဲ့ျပန္ပါတယ္။ပုံေလေတြၾကည့္ၿပီးစိတ္မေကာင္းျဖစ္မိတာအမွန္ပါပဲေနာ္ ။

Credit – Cele Zone
Photo – Po Po

ပိုပိုကတော့ သီချင်းအေးအေးလေးတွေရယ် ချိုသာတဲ့ အသံလေးတွေရယ်နဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ပိုပိုကတော့ ခုလတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး ပြည်သူလူထုနဲ့အတူ တတ်နိုင်တဲ့ဘက်ကနေပါဝင်ကာ ငြိမ်းချမ်းစွာနဲ့ လှုပ်ရှားမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

အခုလိုပြည်သူပရိသတ်တွေဘက်ကနေ အနုပညာရှင်တွေကလည်း တတ်နိုင်သရွေ့ပါဝင်အားဖြည့်နေကြတာကိုလည်း ဝမ်းသာစွာတွေ့ရပါတယ်နော်။ပိုပိုက ပြည်သူတွေနဲ့အတူ လမ်းမပေါ်ထွက်ကာဆန္ဒဖော်ထုတ်မှုတွေပြုလုပ်တဲ့အပြင် အစားအသောက်နဲ့လိုအပ်တာတွေလည်း လှူဒါန်းခဲ့ပါသေးတယ်။

အခုလည်း မနေ့ကအခက်အခဲတွေကြားထဲကနေ ဆန္ဒထုတ်ဖော်ရင်း ကျည်မှန်ကာ ကျဆုံးသွားတဲ့ သူရဲကောင်း ညီညီရဲ့ မိသားစုထံသို့သွားရောက်ကာ အားပေးစကားပြောရင်း သင်္ကန်းနဲ့အတူ ကူငွေများ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ပြန်ပါတယ်။ပုံလေတွေကြည့်ပြီးစိတ်မကောင်းဖြစ်မိတာအမှန်ပါပဲနော် ။

Credit – Cele Zone
Photo – Po Po

Leave a Comment

Your email address will not be published. Required fields are marked *